ကချင်ပြည်နယ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များ ဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လမ်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြများ သန့်ရှင်း သာယာလှပပြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အလေးထားတန်ဖိုးထား တတ်လာစေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝလာစေရန် ရည်ရွယ်၍ နိဝင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် အောင်မြင်မှုရရှိခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီတွင် ကျင်းပပြုလုပ်ခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိခဲ့သော ဌာနဆိုင်ရာအဖွဲ့အစည်းများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်အတွက် ဘက်စုံ၊ ကဏ္ဍစုံမှ အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးကြသည့် ကျေးဇူးတင်ထိုက်သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ကိုယ်စားအထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုလိုပြည်နယ်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားလုံးကို အထူးပင်မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆရာ/ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်းအားဖွင့်လှစ်ပေး၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် လူဦးရေ (၃၈၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပါင်းပြီး ကချင်ပြည်နယ်ဥပဒေချုပ်ရုံး မှ ကြီးမှူး၍ အခြေခံပညာဌာနမှ Grade-11 နှင့် Grade-12 ဆရာ/ ဆရာမများအား ဥပဒေအသိ ပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်း (Training of Trainer) ဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံအတွက် စိုက်ပျိုးရေရရှိရေး မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များ တပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရန် (၄)လက်မ PVC ပိုက် ပေ (၁၂၀)ရှိ တွင်းတိမ်နှစ်တွင်း၊ မိုဘိုင်းဆိုလာနှင့် ဆိုလာပန့်များ တစ်စုံစီ ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများကို လယ်မှီးကျေးရွာနှင့် ကျွန်းပင်သာကျေးရွာ နှစ်ရွာတို့တွင်ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအနက်ကျန်ရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့၊ မြို့ရေကြီးရေလျှံမှု ကာကွယ်ရေး အင်ဂျန်းချောင်း ရေထွက်ပေါက်နေရာ၌ ရေထိန်းတံခါးပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၁ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရေဘေးသင့် ပြည်သူများအနက် ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုအတွင်းမှ ကျန်ရှိသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်၊ တန်ဆောင်တိုင်ပွဲတော်အား ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တတိယအကြိမ်မြောက် ဒေသတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအားလုံးပါဝင်သည့် တိုင်းရင်းသားမျိုး နွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တိုင်းရင်းသား မျိုးနွယ်စုများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ မြန်မာ့အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာ့တို့၏ရိုးရာအစဉ်အလာနှင့်အညီ တန်ဆောင်ပွဲတော်တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ပွဲတော်များဖြင့် စည်ကားလျက်ရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖွင့်လှစ်၊ ရိုးရာအစဉ်အလာနှင့်အညီ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်အား ဆီမီး(၂၀၀၀၀)ဖြင့် ရေမျှောပူဇော်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

၂၀၂၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၌ နှစ်စဉ်မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လေ့ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယနေ့ညနေ ၅ နာရီက တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တမထေရ်ဖောင်အား ဆီမီး(၂၀၀၀၀)ဖြင့် ရေမျှောပူဇော်ပွဲဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံစိုက်ပျိုးရေရရှိရေးအတွက် မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံတပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရန် (၄) လက်မ PVC ပိုက် ပေ (၁၂၀) ရှိ တွင်းတိမ် သုံးတွင်း၊ မိုဘိုင်းဆိုလာနှင့် ဆိုလာပန့် နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းအား ရာနှုန်းပြည့် တပ်ဆင်ပြီးစီးနေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်