ပူတာအိုခရိုင်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ပူတာအို နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို အလေးထားတန်ဖိုးထား တတ်လာစေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝလာစေရန် ရည်ရွယ်၍ နိဝင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်တင်တင်ချိုက အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဉီးစိုးမိုးနိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အ.ထ.က(ပူတာအို)​​​ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဉီးတို့က အမျိုးသားနေ့အကြောင်း သိကောင်းစရာများကို ဉာဏ်စမ်းမေးခွန်း(၁၀)ပုဒ်စီဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဉီးစီးမှူးက ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ အေးချမ်းသာယာပြည် မြန်မာရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)