မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အဖွင့်အမှာစကားပြောကြားသည်။