ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအား လေဆိပ်၌ လိုက်ပါပို့ဆောင် နှုတ်ဆက်အားပေး

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ကချင်ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်မှုရရှိရေးအတွက် လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၅ နာရီက မြစ်ကြီးနားလေဆိပ်၌ လိုက်ပါပို့ဆောင်အားပေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားနံရံနှင့် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေး အကြိုစစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများအတွက် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုနှစ်ဇွန်လ ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေစံချိန်တင် မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ဖြင့် မြို့ဧရိယာအားလုံးနီးပါး ရေကြီးနစ်မြှုပ်ခဲ့သောကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရေ အမြင့်ဆုံး စံချိန်တင်ကြီးမြင့်ခဲ့သည့် ရေအမှတ်အားအခြေခံ၍ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားတမံများနှင့် ‌အဓိကရေဝင်ပေါက်များတွင် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေးအတွက် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပူတာအိုမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်၊ အားကစားရုံ/ အားကစားကွင်းများအတွင်း စခန်းသွင်းကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း(၂၃)နည်းအနက် (၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပါအားကစားအသင်းများအား စေလွှတ်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီက ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် သီးထပ်သီးနှံ စိုက်ပျိုးသရုပ်ပြပွဲများသို့ တက်ရောက်၊ ရိုးရာကောက်သစ်စားပွဲတော် ကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်ဖြစ်ပေါ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်မြစ်ဆိပ်ရှိ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ခုံတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

(၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲ ပူတာအို၌ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်နေ့ကို အလေးထား တန်ဖိုးထားတတ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်ဝလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် နှင့်ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်မှုဖြင့် မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော အသိညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားလာမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်ပြီး လူမှုပတ်ဝန်းကျင်နှင့်နိုင်ငံကို အကျိုးပြုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (Clean and Green Schools) အကောင်အထည်ဖော်ရေးအတွက် ပံ့ပိုးငွေများ ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား လိုက်လံကြည့်ရှုအားပေးပြီး မျိုးနွယ်စုအလိုက် မိသဟာရအမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့တက်ရောက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး စခန်းသွင်းလေ့ကျင့်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားခန်းမနှင့် အားကစားရုံများတွင် လေ့ကျင့်ပြင်ဆင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပံ့ပိုးထောက်ပံ့မှုများနှင့် ညှိနှိုင်းပေါင်းစပ်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်