Skip to main content

ပြည်သူလူထုပါဝင်ရန်လိုသည့် ပလတ်စတစ်စီမံခန့်ခွဲမှု

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တွင် ရည်မှန်းချက်ပန်းတိုင် (၆) ခုကို အခြေခံချမှတ်ထားပြီး မြို့ပြဧရိယာများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ၊ ပလတ် စတစ်စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သိသာစွာများပြားလာသော အခြားစွန့်ပစ်ပစ္စည်းများ စသည်တို့ကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းများနှင့် စွန့်ပစ်အရည်များ (လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ) စွန့်ပစ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းများနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထားသည်။

ထာဝရငြိမ်းချမ်းရေးသည် တပ်မတော်၏အဓိကရည်မှန်းချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန် စတင်ထမ်းဆောင်ခဲ့သည့်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အကောင် အထည်ဖော်နိုင်ရန် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးထည့်သွင်းပြီး အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေး သည် နိုင်ငံအတွက် အသက်တမျှအရေးကြီးပြီး ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီရေးအတွက် လူသားအရင်းအမြစ် မြင့်မားအောင်မြှင့်တင်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် ၎င်းနိုင်ငံတွင်ရှိသည့် အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲခြင်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဖြစ်သည်။ အရင်းအမြစ်များဟုဆိုရာတွင် အဓိကအားဖြင့် လူသားအရင်းအမြစ်၊ ငွေကြေးအရင်း အမြစ်နှင့် ရုပ်ဝတ္ထု အရင်းအမြစ် တို့ဖြစ်ပြီး 3M (Men, Money, Material) ဟုဆိုကြသည့် ၎င်းအရင်းအမြစ်များ မိမိတို့တွင် မပြည့်စုံသေးပါကလည်း ပြုစုပျိုးထောင်ရန်၊ စုဆောင်းရန် လိုအပ်သည်။ ဆိုခဲ့ပါ အရင်းအမြစ် သုံးရပ်အနက် လူသားအရင်းအမြစ် က အခြေခံအကျဆုံးနှင့် အရေးပါဆုံးပင်ဖြစ်သည်။

ဒို့တာဝန်အရေး(၃)ပါးကို ဦးလည်မသုန်ထမ်းဆောင်

“နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်ရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်ရန်ဖြစ်ပြီး ကျွန်တော်တို့တပ်မတော်သားများဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ ပုဂ္ဂလိကသဘောမဟုတ်ဘဲ အများအကျိုးအတွက်ကာကွယ်ရေးတာဝန်ထမ်းဆောင် နေခြင်းဖြစ်ပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတစ်နှစ်ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ကြားချက်တွင် အသိပေးမှာကြားထားသည်။

ထာဝစဉ် တည်ရှိနေရမည်

၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းတွင် အာရှတိုက်သည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးတို့၏ အချက်အချာဖြစ်လာသည်။ အာဆီယံ ၁၀ နိုင်ငံအနက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့၏ အဆက်အစပ်နေရာတွင် တည်ရှိနေခြင်း၊ အာရှ၏ အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်ထိစပ်၍ တည်ရှိနေခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေကြောင်းလမ်းတွင် အရေးပါသည့် မာလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်သည့် နေရာတွင် တည်ရှိနေခြင်းတို့ကြောင့် မဟာ ဗျူဟာအရ အချက်အချာကျသည့်နိုင်ငံ ဖြစ်သည်။

ထာဝရကာကွယ်သွားရမည့် သစ်တောနယ်မြေများ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဥပဒေနှင့်အညီ အမျိုးသားဥယျာဉ်များနှင့် ကြိုးပြင်ကာကွယ်တောများကို သတ်မှတ်ကြေညာ လျက်ရှိသည်။ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှကုန်းမကြီးတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး သစ်တောသယံဇာတကြွယ်ဝခြင်းနှင့်အတူ အပင်မျိုးစိတ်များစွာ၊ ဇီဝမျိုးစုံ မျိုးကွဲများစွာတို့လည်း ရှင်သန်တည်ရှိသည်။ မြန်မာနိုင်ငံ နယ်နိမိတ် စုစုပေါင်း၏ရာခိုင်နှုန်း ၈၀ကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျက်ရှိရာ နိုင်ငံတစ်ဝန်း တွင် တည်ရှိနေသည့် အဓိကမြစ်ချောင်းများနှင့် ဆည်များ၊ တာတမံများ၏ရေဝေရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ပြုလုပ်သွားရမည်ဖြစ်သည်။

သမိုင်းကြောင်းနောက်ခံသိရှိမှ ရှေ့ရည်မှန်းချက်များမှန်ကန်

“သမိုင်းသင်တာ မအအောင်”ဆိုသည့် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာ သန်းထွန်း ဆိုစကားကို မှတ်သားမိကြမည်ဖြစ်သည်။ ဆရာကြီး၏ဆိုစကားသည် လူ့ဘောင်လောကတစ်ခုလုံးအတွက် သတိပေးနှိုးဆော်ချက်ပမာဖြစ်သည်။ သမိုင်းမသိလျှင် အအနှင့်တူသည့်အလား အကျိုးအကြောင်းအဆိုးအကောင်းကို ဘာမျှမသိသည့် “သူများယောင်လို့ယောင် အမောင်တောင်မှန်းခြောက်မှန်းမသိ။ အရှုံးသမားသဖွယ်ဖြစ်နေပေမည်။ သမိုင်းသည် လူ့ဘောင်လောကတွင် အလွန်အရေးပါသည့် ပညာရပ်ဖြစ်ပြီး သမိုင်းကြောင်းဆိုင်ရာ ကိစ္စအဝဝတို့ကို လေ့လာမှတ်သားထားသင့်ပါသည်။

တောင်သူလယ်သမားများ၏ ကျေးဇူးကို အသိအမှတ်ပြု

မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး အများစုသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံလူဦးရေနှင့် ထွက်ရှိသောစားနပ်ရိက္ခာများမှာ လောက် ဖူလုံပြီး အပိုအလျှံများကို ပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်။

တောင်သူလယ်သမားတို့၏ လူမှုဘဝနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေဖို့

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေး အဓိကနိုင်ငံဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေ တောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ စိုက်ပျိုးမွေးမြူထုတ်ကုန်များမှ ပြည်ပဝင်ငွေရရှိရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တောင်သူလယ်သမားကြီးများက တာဝန်ယူကာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနေ ကြခြင်းကြောင့်သာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး အာဟာရပြည့်ဝစွာ၊ အစားအစာ ဘေးကင်းလုံခြုံစွာ စားသုံးခွင့်ရရှိနေကြခြင်း ဖြစ်သည်။
Subscribe to အယ်ဒီတာ့အာဘော်