Skip to main content

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်မည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး မူဝါဒကို မိတ်ဆက်ဖြန့်ဝေလိုက်ပြီဖြစ်ရာ နိုင်ငံအတွက် အရေးပါသည့် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါမူဝါဒကို ချမှတ်လိုက်ခြင်းအားဖြင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီသော ခေတ်မီဥပဒေနှင့် နည်းဥပဒေများကိုလည်း မူဝါဒနှင့်အညီ ချမှတ်လာနိုင်မည်ဖြစ်သည်။

အတာကူးသော နှစ်သစ်ကူး ကောင်းမှုအထူးပွားများ

အတာကူးသော တန်ခူးလတွင် မြေပြင်တွင် ရင်ခတ်ပန်းများပွင့်ကြသည်။ ကောင်းကင်တွင် စိတြကြယ် ထွန်းလင်းသည်။ နှစ်သစ်ကူးသော သင်္ကြန်အခါဖြစ်၍ ပြည်သူတို့ အတာရေသွန်းလောင်းကြသည်။ အတာရေသွန်းလောင်းခြင်းအစဉ် အလာသည် ကပိလဝတ်ပြည် သာကီဝင်မင်းတို့မှအစပြု၍ ပုဂံခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ တန်ခူးလအခါတွင် အတာကူးခြင်း၊ သင်္ကြန်ကျခြင်းတို့၏ အသွင်သဏ္ဌာန်ကို ရှေးဆရာတို့က အဓိပ္ပာယ်ဖော်ညွှန်းဖွင့်ဆိုခဲ့သည်။

ယဉ်ကျေးမှုသင်္ကြန်ပွဲတော် ရိုးရာအစဉ်အလာနွှဲပျော်

ယနေ့သည် မဟာသင်္ကြန်အကျနေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့သည် နှစ်တစ်နှစ်ကုန်ဆုံးသည့် နှစ်ဟောင်းကာလမှ နှစ်သစ်ကာလသို့ ကူးပြောင်းနေသည့် အခါသမယဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောကြသည့် အစဉ်အလာ ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပြောင်းသည့်ကာလတွင် ကောင်းမှု ကုသိုလ်များ အထူးပွားများကြခြင်းသည် မဟာသင်္ကြန်၏ အနှစ်သာရဖြစ်သည်။

ရိုးရာမဟာသင်္ကြန်အခါ မင်္ဂလာအမှု ပျော်ရွှင်စွာပြု

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည်။ မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသော မဟာသင်္ကြန်ပွဲအခါကာလ သို့ရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် ရိုးရာအစဉ်အလာမပျက် မဟာသင်္ကြန်ပွဲတော်ကာလသည် ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားသည့် ပွဲတော်ကာလဟု ဆိုနိုင်သည်။

အစဉ်အလာကောင်းများဖော်ဆောင် ရုပ်ပိုင်းစိတ်ပိုင်းတို့မြှင့်တင်

ပညာသင်နှစ်အဆုံး စာမေးပွဲများကျင်းပအပြီး မကြာမီ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန်ပွဲအခါ ကျရောက်တော့မည်။ သင်္ကြန်အပြီး နွေကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အချိန်များက တန်ဖိုးရှိသည့်အချိန်များ ဖြစ်သည်။

ဒေသထွက်လက်ဖက်နှင့် သစ်သီးများ တန်ဖိုးမြှင့်ထုတ်လုပ်ပေးမည့်စက်ရုံ

လက်ဖက်သည် မြန်မာ့ယဉ်ကျေးမှုနှင့် နေ့စဉ်လူမှုဘဝတို့တွင် သာမန်စားသောက်ဖွယ်ရာ တစ်ခုထက် ပို၍အရေးပါသည်။ အရွက်မှာ လက်ဖက်၊ နတ်သစ်ရွက်ဟူသောဆိုရိုးနှင့်အညီ လက်ဖက်ကို အစို၊ အခြောက်(အခါးခြောက်၊ အချိုခြောက်)အဖြစ် ထုတ်လုပ်၍ နှစ်သက်စွာ စားသောက်ခဲ့ကြရာ မြန်မာ့ လက်ဖက်သည် နှစ်ပေါင်းထောင်ချီသည့် သမိုင်းကြောင်းရှိသော စားသုံးကုန်ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း လက်ဖက်ဈေးကွက် ကျဆင်းခဲ့ရာ အဓိကအကြောင်းများတွင် ပြည်တွင်းလက်ဖက်ထုတ်ကုန်များ၏ အရည်အသွေး အားနည်းချက်နှင့် တရုတ်၊ ဗီယက်နမ် စသည့်ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် လက်ဖက်ထုတ်ကုန်များကို ဈေးကွက်တွင် မယှဉ်ပြိုင် နိုင်ခြင်း စသည့်အကြောင်းများလည်း ပါဝင်နေသည်။

အရွယ်မရောက်သေးသူ စစ်မှုထမ်းဆောင်ခြင်း ကာကွယ်တားဆီးထိန်းသိမ်းလျက်ရှိ

မြန်မာနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာမှာ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ပြည်သူ့စစ်မဟာဗျူဟာအရ လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိသော်လည်း ယနေ့အချိန်အထိ ကျင့်သုံးနိုင်ခြင်း မရှိသေး။ အခြေ အနေ၊ အချိန်အခါတို့က တောင်းဆိုလာသည့် အနာဂတ်တစ်ချိန်ချိန်တွင်မူ မလွဲမသွေ ကျင့်သုံးကြရတော့မည်ဖြစ်သည်။

မျှတမှုမရှိသည့်အဆုံးအဖြတ် လက်မခံဆန့်ကျင်ကန့်ကွက်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ရည်ရွယ်ဖွဲ့စည်းထားသော နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့အစည်း ဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ မွန်မြတ်သော ရည်ရွယ်ချက်များနှင့်အညီ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များသည် ကမ္ဘာ့နိုင်ငံများ၏ အရေးအရာကိစ္စများကို တော်တည့်မှန်ကန်စွာ ဆောင်ရွက်မည်ဟု ယုံကြည်ထားပါသည်။

တည်ငြိမ်အေးချမ်းရေး ဆက်လက်ဖော်ဆောင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာနေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားလာမှုများကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အားနည်းသူကို အားပေးကူညီ စောင့်ရှောက်မြှင့်တင်

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး အားနည်းသူများကိုလည်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားပေးကူညီ စောင့်ရှောက်မြှင့်တင်ပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPD) ၏ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Subscribe to အယ်ဒီတာ့အာဘော်