Skip to main content

နိုင်ငံတကာဥပဒေကို လေးစားမှုဖြင့်တုံ့ပြန်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။

တိုင်းကျိုးပြည်ပြု လူသားအရင်းအမြစ်ပျိုးထောင်

မြန်မာနိုင်ငံသည် မြေဧရိယာအကျယ်အဝန်းနှင့် မှီတင်းနေထိုင်ကြသော ပြည်သူများအချိုးအရ ချောင်ချောင်ချိချိ နေထိုင်လုပ်ကိုင်နိုင်သော နိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အဓိကအားထားလုပ် ကိုင်နိုင်သည့် ရေခံမြေခံကောင်းမွန်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း လူဦးရေ ၅၅ သန်းကျော် နေထိုင်ပြီး အသက် (၁၈) နှစ်အထက် လူဦးရေမှာ ၃၇ သန်းကျော်ခန့်ရှိသဖြင့် အလုပ်လုပ်နိုင်စွမ်း ရှိသည့် လူသားအရင်းအမြစ်များ ပေါများသည့်နိုင်ငံဖြစ်သည်။

ကျန်းမာရေးအတွက် ဆေးတစ်လက်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို လူတိုင်းအလိုရှိ ကြသည်။ အလိုရှိကြသည့်အလျောက် ဆုတောင်းဆုပေးလည်း ပြုကြသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးဟုဆိုရာတွင် ကျန်းမာရေးက အရင်းခံကျသည်။ စည်းစိမ်ချမ်းသာ မည်မျှကြွယ်ဝပြည့်စုံစေကာမူ ကျန်းမာရေး မပြည့်စုံပါက ချမ်းသာသည်မမည်။ သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက ကျန်းမာရေးအသိဖြင့် နေ့စဉ်ဘဝကို ကျန်းမာရေးနှင့် ညီညွတ်စွာသွားလာလှုပ်ရှား နေထိုင်စားသောက် နိုင်ကြရန်လိုသည်။

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ထာဝရစည်းလုံးညီညွတ်မှု

တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်သွေးတစ်သားတည်းဟူသော ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်မှုကို နယ်ချဲ့ဝါဒီတို့အား လက်တွေ့ထုတ်ဖော်ပြသခဲ့သည့် ပြည်ထောင်စုနေ့သည် (၇၅) နှစ်မြောက် စိန်ရတုသို့ပင်ရောက်ရှိခဲ့ပြီ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းပြင်ဆင်ခဲ့ကြရသည့် ၂၀ ရာစုခေတ်လယ်ကာလ မြန်မာ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေနှင့် မျက်မှောက်ခေတ် ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ်လွန် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့မှာ ကွာခြားလျက်ရှိပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံအဖို့ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့မှာမူ မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင်မဆို မပြောင်းမလဲ ထာဝရတည်ရှိနေရမည်သာ ဖြစ်သည်။

ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်မှုအား

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများ မူလဖြစ်တည် နေထိုင်ခဲ့ရာ တောင်ပေါ်မြေပြန့်တို့ကို အစွဲပြု၍ တိုင်းရင်းသားဒေသများ သတ်မှတ်ထားသည်။ သို့ရာတွင် ပြည်ထောင်စုသားအားလုံး တို့သည် ကွဲပြားခြားနားခြင်းမရှိ အားလုံးအတူတကွ စုပေါင်းနေထိုင်ကြသည်။ ပြည်နယ်၊ တိုင်းဒေသများ သတ်မှတ်ထားသော်လည်း တိုင်းရင်းသားအားလုံး မခွဲခြားဘဲ ရောနှောနေထိုင်ကြသည်။ ဤသည်ပင် ပြည်ထောင်စု၏ အမှတ်လက္ခဏာဖြစ် သည်။

ကုန်ထုတ်လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်

မြန်မာနိုင်ငံကို သဘာဝသယံဇာတပေါများသည့် တိုင်းပြည်ဟူ၍ ကမ္ဘာကပါ သိရှိကြသည်။ သယံဇာတဟုဆိုရာတွင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်သည့် ရေနှင့်မြေတို့လည်း ပါဝင်သည်။ အခြားသော သဘာဝသယံဇာတများမှာ ကုန်ခန်းသွားနိုင်သော်လည်း ရေနှင့် မြေတို့မှာမူ ခိုင်မာမှန်ကန်သော မူဝါဒများချမှတ်၍ စနစ်တကျ ထိန်းသိမ်းကာ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ပါက စိုက်ပျိုးမွေးမြူထုတ်ကုန် များဖြင့် အစားအစာများ ဖူလုံအောင် ထာဝရထုတ်လုပ်ပေးနိုင်သည့် အရင်းအမြစ်များပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နောက်ထပ်အရင်း အမြစ်မှာ လူ့စွမ်းအားအရင်း အမြစ်ဖြစ်သည်။ အလုပ်လုပ်နိုင်သည့်အရွယ် လူ့စွမ်းအားအရင်းအမြစ်ကို ကောင်းစွာပြုစုပျိုးထောင်ပြီး နိုင်ငံ၏ကုန်ထုတ် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။

ပြည်သူလူထုကျန်းမာရေး အလေးထားဦးစားပေး

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော်ကာလ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူအများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးစေသည်သာမက ရောဂါဖြစ်ပွားသည့် ကာလအတွင်း ပြည်သူငါးသိန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူပြည်သူ နှစ်သောင်းနီးပါးရှိခဲ့ပါသည်။

ဒီမိုကရေစီမှ ပြည်သူတို့၏အခန်းကဏ္ဍ

၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်များအတွင်း ဘာလင်တံတိုင်း ပြိုလဲသွားခြင်း၊ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားခြင်းနှင့်အတူ အယူဝါဒချင်း ခြားနားကြသည့် အရှေ့နှင့်အနောက် အုပ်စုကြီးနှစ်ခုကြားမှ စစ်အေးတိုက်ပွဲလည်း ပြီးဆုံး သွားသည်။ ထိုအချိန်မှစ၍ ယခင်လက်ဝဲနိုင်ငံများအတွင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒများနှင့် ဗဟိုချုပ်ကိုင်သည့်စီးပွားရေးပုံစံ မအောင်မြင်မှုများ၊ တစ်ပါတီအစိုးရများ၏ အာဏာရှင်ဆန်မှုများ ကို အကြောင်းပြုကာ ဒီမိုကရေစီစနစ်ကို အစားထိုးလာကြသည်။ သို့ရာတွင် အာဏာရှင် အစိုးရများကို ဒီမိုကရက်တစ်အစိုးရများနှင့် အစားထိုးလဲလှယ်လိုက်နိုင်သည့်တိုင်အောင် နိုင်ငံအနေဖြင့် တည်ငြိမ်သည့် ဒီမိုကရက်တစ်နိုင်ငံများ အလွယ်တကူ ဖြစ်မလာကြသည်ကိုလည်း တွေ့မြင်ကြရသည်။

နိုင်ငံ့အားသုံးအားကို ပြည်တွင်းအားဖြင့်တည်ဆောက်

၂၀၁၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့။ နှစ်ပေါင်း ၅၀ ကျော်ကြာ နိုင်ငံရေး နှင့် စီးပွားရေးတို့တွင် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အလှည့်အပြောင်းအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သည့်တိုင်အောင် ရာစုနှစ် ထက်ဝက်ကျော်မျှ ကင်းကွာနေခဲ့ပြီဖြစ်ရာ ပြန်လည်မွေးဖွားလာသည့် သီးကင်းနုနု ဒီမိုကရေစီ အခြေတည်မြဲမြံခိုင်ခံ့အောင် ထိုစဉ်က အစိုးရနှင့် ပြည်သူတို့များစွာ အားထုတ်ကြိုးပမ်းခဲ့ကြသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အလေးထားဆောင်ရွက်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇမျိုးကွဲ(အိုမီခရွန်)ရောဂါ ပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ် သည်။ အာရှ၊ ဥရောပနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေပြီး တစ်နေ့တည်း လူဦးရေထောင်သောင်းချီ၍ ကူးစက်ခံရသော နိုင်ငံများရှိသည်။ လွန်ခဲ့သည့်ရက်က ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်းနှင့် လူငါးသိန်းကျော်၊ ဂျပန်နိုင်ငံတွင် တစ်ရက်တည်းနှင့်လူဦးရေခုနှစ် သောင်းကျော် စံချိန်တင်ကူးစက်ခံခဲ့ရသည်။
Subscribe to အယ်ဒီတာ့အာဘော်