Skip to main content

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ပြီး စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု များ စစ်တွေမြို့ အထင်ကရနေရာများအား ကြည့်ရှုလေ့လာ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြ သည့်ရခိုင် တိုင်းရင်း သား မျိုးနွယ်စုများ သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း တွင် စစ်တွေမြို့ အထင် ကရနေရာ များ သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်နိုင်ငံတော်အလံအလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား စစ်တွေမြို့၌ ကျင်းပ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓညဝတီအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦးလွတ်မြောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၅၉/ ၂၀၂၁နှင့် ၆၀/၂၀၂၁ တို့ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ထုတ်ပြန်ခဲ့ရာ စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၄၉ ဦး လွတ်မြောက် လာကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၁) ကျင်းပ

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်