စစ်တွေ ဖေဖော်ဝါရီ ၁၂
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြ သည့်ရခိုင် တိုင်းရင်း သား မျိုးနွယ်စုများ သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်း တွင် စစ်တွေမြို့ အထင် ကရနေရာ များ သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါကို အတတ်နိုင်ဆုံး ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သည့်အတွက် သက်ဆိုင် ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဘုရားစေတီပုထိုး များနှင့် အပန်းဖြေ နေနိုင်သည့်နေရာများကို ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏စည်းကမ်း ချက်များနှင့် ဖွင့်လှစ် ထားလျက်ရှိကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ချင်းတိုင်းရင်းသား ကိုယ်စား လှယ်များသည် စစ်တွေမြို့ရှိ လောကနန္ဒာ စေတီတော်၊ စင်္ကြာမုနိဘုရားနှင့် စစ်တွေမြို့၏ အထင်ကရ နေရာ ဖြစ်သော ဗျူးပွိုင့်တို့ကို သွားရောက် လေ့လာခဲ့ကြသည်။
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသူ မဝင်းသန္တာလှိုင်က “အခုဆိုရင် ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကို အတတ်နိုင် ဆုံးထိန်းချုပ်နိုင်ပြီဖြစ်တဲ့ အတွက် ပြည်သူတွေ ရဲ့ အပန်းဖြေနေရာတွေကိုလည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် တွေနဲ့အညီ ဖွင့်လှစ်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်။ ကျွန်မတို့ သူငယ်ချင်းတွေနဲ့ အတူ စစ်တွေမြို့ရဲ့ သာယာလှပတဲ့ ဗျူးပွိုင့်ကို လာရောက် အပန်းဖြေတာဖြစ်ပါတယ်။ ကျွန်မ တို့ ရခိုင်ပြည်ကြီးရဲ့ အေးချမ်း သာယာလှပတဲ့ အခြေအနေတွေကို တွေ့မြင်ရတဲ့အတွက် အရမ်းကို အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်မိပါ တယ်”ဟု ပြောသည်။
ထို့အပြင် ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ တွေ့ဆုံကြပြီး တစ်ဦး နှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိကာ ပျော်ရွှင်စွာ သွားလာနေကြသည်ကိုလည်း တွေ့ရှိရသည်။ တိုင်းရင်းသား မျိုးနွယ်စုများ တစုတစည်းတည်းတွေ့ရှိရပြီး ခင်မင်မှုရရှိကာ ပျော်ရွှင်မှု ရရှိကြောင်း ကိုလည်း ပြည်ထောင်စု နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိ လာသည့် မောင်တောမြို့နယ်မှ ရခိုင်တိုင်းရင်း သားမျိုးနွယ်စုဝင် သက်တိုင်းရင်းသား မောင်နေအောင် ထွန်းက “စစ်တွေမြို့ရဲ့ ဗျူးပွိုင့်ကို လာရောက် လေ့လာခွင့်ရရှိတဲ့ အတွက် စိတ်လှုပ်ရှား မိပါတယ်။ ကျွန်တော်တို့ တစ်ယောက်တည်းနေတာထက် အများနဲ့ နေတာနဲ့မတူဘူးပေါ့၊ မတွေ့ရတဲ့သူနဲ့ တွေ့ရ တယ်ဆိုတော့ စိတ်တွေက တအားလှုပ်ရှား တယ်၊ ပျော်လည်း ပျော်မိတယ်ပေါ့။ နောက်ပြီးတော့ ကိုယ့်ကိုဒီမှာလာစေချင်တဲ့ အစ်ကိုတွေ အစ်မတွေ၊ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးလည်းတင်ပါတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ အရင်တုန်း ကဆိုရင် ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းဘူးပေါ့။ ကျွန်တော် တို့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုချင်ပါတယ်။အခုဆိုရင် ရခိုင်ပြည်နယ်က အေးချမ်းနေပြီ၊ ကောင်းတာပေါ့။ နောက်ပြီးတော့ ပညာရေး ဘက်ကကြည့်ရင်လည်း အားနည်းချက်တွေ တွေ့တာပေါ့၊ အခုလိုအေးချမ်းပြီဆိုရင်တော့ ပညာရေးက ပိုပြီးတော့အား ကောင်းလာမယ်၊ ကျွန်တော်တို့ကတော့ ပညာရေးကို ပိုပြီး တော့ ကြိုးစားလုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်စုဝင် ရခိုင်၊ သက်၊ ဒိုင်းနက်၊ ခမီ၊ မြို့နှင့် မာရမာကြီးတိုင်းရင်းသား တို့နှင့်အတူ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသားတို့ သည် လည်း ရောက်ရှိလာကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)