စစ်တွေ မတ် ၁၃
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ပြီး စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်ကပ်လှူဒါန်း ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့ ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်၍ ဓမ္မာစရိယ တက္ကသိုလ်များ၏ နာယကချုပ်ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ ဩဝါဒခံယူ သည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျေးရွာအတွင်းရှိ ပြည်သူများအား စစ်တွေမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေး သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေမြို့နယ်ရုံးမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ ပြည်သူများအား အသက် ၁၀ နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသစ်ပြန်လည်ပြုလုပ် ပေးခြင်း၊ ပျောက်ဆုံး၊ ပျက်စီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသစ်ပြန်လည်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ များအား အသစ်ပြန်လည်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဖြည့်စွက်ထည့်သွင်း ပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)