ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းခြင်းနှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့အရ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ခံရနိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေသည်။ မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများနှင့် မြေပြိုတောင်ပြိုမှုများကို ကြုံတွေ့နေရာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် အဆိုပါသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရသည်။
ကောင်းမှုကုသိုလ်ဖြင့် ဖြတ်သန်းရမည့် နှစ်သစ်မင်္ဂလာအခါသမယ
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဆင်ယင်နွှဲကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို အကြောင်းပြု၍လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း သင်္ကြန်ပွဲတော်နှစ်ခုကို မကျင်းပနိုင်ဘဲ ကျော်လွှားခဲ့ကြရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မှာလည်း လျော့ကျလာခဲ့ရာ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုများအရ နေ့စဉ်ကူးစက်မှု ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည့်အလျောက် တစ်နှစ်တစ်ခါ ကျရောက်လာသည့် ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လာကြခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်
မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားပြည်သူများမှာ ရေမြေသဘာဝ မျိုးနွယ်မတူကွဲပြား၍ အသွေးအရောင်ဓလေ့စရိုက် ခြားနားကြသော်လည်း တစ်မြေတည်းတွင် နှစ်ပေါင်းထောင်ချီ အတူလက်တွဲနေ ထိုင်လာခဲ့ကြသည့် ညီအစ်ကိုမောင်နှမမိသားစုဝင်များ ဖြစ်ကြသည်။ အချင်းချင်းအတူလက်တွဲ၍ တစ်ဦးနှင့်တစ်ဦး နားလည်လက်ခံနေထိုင် ကြခြင်းသည် တစ်မြေတည်းအတူနေသည့် ပြည်ထောင်စုစိတ်ဓာတ်ရှိနေ၍ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမှသည်
ကမ္ဘာတစ်ခွင်သည် ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကာလမှစပြီး ကိုဗစ်ကပ်ရောဂါနှင့် နပန်းလုံးနေခဲ့ကြရသည်မှာ နှစ်ပေါက်တော့မည်ဟု ဆိုရပါမည်။ ကာကွယ်ဆေး စတင်တွေ့ရှိနေပြီး စမ်းသပ်မှုများကို တွန်းတွန်းတိုက်တိုက် လုပ်နေကြသည်ဖြစ်ရာ ယခုနှစ်ကုန်တွင် ကမ္ဘာနှင့်အဝန်း စတင်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၀ သည် အခြားသော အမှုကိစ္စများထက် ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ ရောဂါဖြစ်ပွားသူများကို ကုသပေးရေးတို့ကသာ ဦးစားပေး ဆောင်ရွက်နေရသည့်နှစ် ဖြစ်ပါသည်။
သတင်းခေတ်တွင် သတင်းအစစ်ကို ဉာဏ်ဖြင့်မြင်ရန်
၂၀ ရာစုအကုန်ပိုင်းကာလကစ၍ ကမ္ဘာပေါ်တွင် သတင်းနှင့် နည်းပညာ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာပြီဟု ကြွေးကြော်ခဲ့ကြ၏။ သတင်းအချက်အလက်နှင့် နည်းပညာ မဟာအဝေးပြေး လမ်းမကြီးပေါ်ဟု တင်စားကြ၏။ ကမ္ဘာနှင့်အဝန်းကို ချိတ်ဆက်သွယ်တန်းထားသည့် ကွန်ရက်များပေါ်တွင် အသစ်အသစ်သော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဖန်တီးတီထွင်မှု အမျိုးမျိုးတို့ အပြိုင်အဆိုင် အလုအယက် ပြေးလွှားကြကုန်သည်။
မေတ္တာဖြင့် ကူညီကြပါစို့
လူ့လောကကြီးတွင် သင်၏အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့် ကူညီပါ။ သင်၏အနားတွင် သင်၏ အကူ အညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။