၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုအဖွဲ့ကြီး အစည်းအဝေး ညှိနှိုင်းအစည်းအဝေးကျင်းပ
အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန် အစည်းအဝေးခန်းမတွင် ၁၄- ၁၀ -၂၀၂၁ ရက် နံနက် (၁၀ : ၀၀) နာရီက ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု အဖွဲ့ကြီး အစည်းအဝေး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ အစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် (နောင်)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးစိန်လှိုင် (သူရဇော်)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဒေါက်တာသန်းထွဋ် (လင်း၊ ဆေး-၁)