ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏ ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
ယင်းစာအုပ်တွင် ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရနှင့်ပတ်သက်၍ လက်ဝဲသုန္ဒရနှစ်ဦး ရောထွေးနေရာ မုံရွေး လက်ဝဲသုန္ဒရ ဦးနေ ခေါ် ဦးမြတ်သာနေနှင့် လူသိများ ကျော်ကြားနေသော မန်ကျည်းတုံ လက်ဝဲသုန္ဒရ၊ မန်ကျည်းတုံဇာတိ ဦးမြတ်စံဟူ၍ နှစ်ဦးရှိကြောင်း၊ ဦးမြတ်စံ၏ စာပေ အဆင့်အတန်းမှာ ဦးနေ၏ စာပေအဆင့် အတန်းထက် လွန်စွာမြင့်မားကြောင်း၊