၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာသန်းထွဋ် (လင်း-ဆေး-၁)၊ ဒေါက်တာခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။