၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (အတည်ပြုအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
၂ဝ၂၃ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၀ : ၃၀ နာရီမှ နံနက် ၁၁ : ၃၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။