“နေအောင်သူ (ကနီ)” ရေးသားသည့် “ကနီခရီးသည်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ကနီခရီးသည်” စာအုပ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့၏သမိုင်းကြောင်း အကျော်ဇေယျထင်ရှား သော ဘုရားစေတီ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့၏ ဘဝပုံရိပ်များကို ခရီးသွားစာပေ ပုံသဏ္ဌာန်ဖြင့် ရေးဖွဲ့ထားပါသည်။ ညောင်ဝန်း၊ နတ်ရဲတောင်၊ ကပိုင်ဒေသတို့မှ သိမှတ်ဖွယ်ရာများနှင့် တွင်းတောင် ဒေသရှိ တွင်းပိုး၊ စိမ်းပြာရေညှိအကြောင်း၊ မိမိမွေးဖွားရာ ဇာတိဒေသတစ်ဝိုက် သေချာဂနစွာ လေ့လာ၍ ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။