“နန္ဒာမိုးကြယ်” ရေးသားသည့် “ကြာရွက်ထီးကလေး ကလေးကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“နန္ဒာမိုးကြယ်” ရေးသားသည့် “ကြာရွက်ထီးကလေး ကလေးကဗျာများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“နန္ဒာမိုးကြယ်” ၏ “ကြာရွက်ထီးကလေး ကလေးကဗျာများ” စာအုပ်သည် ကလေးဝတ္ထုတို ၂၀ ပုဒ် ပါဝင်သည်။ ကလေးဘာသာရပ်တွင် စကားပြေထက် ကဗျာစာအုပ်များ၏ အရေအတွက် ပိုများသည်။ ပြိုင်ပွဲဝင် ကလေးကဗျာစာအုပ်များသည်လည်း များသလောက် ကောင်းကြသည်။ ထို့ကြောင့် ဆု‌ရွေးချယ်ရာတွင် ကလေးကဗျာစာမူများ ဆုရကြခြင်းဖြစ်သည်။

ကလေးများအတုယူစရာ၊ စဉ်းစားစရာ၊ ဆင်ခြင်နိုင်စရာ ဝတ္ထုလေးများ  တွေ့ရသည်၊ စက်ဘီးကလေး၊ ရေတွင်းထဲကနဂါးကြီး၊ ယုန်ကလေးဖြူဖွေး၊ မီးသတိပြု၊ အိုင်ဖုန်းကလေး၊ ကျောင်းစာကြည့်တိုက်၊ မိုးဦးကျလေဦးကျ၊ မြန်မာစာသည် တို့စာ … စသည်ဖြင့် ကလေးများ သိသင့်၊ ဖတ်သင့်သည့် ဝတ္ထုတိုလေးများကို တွေ့ရသည်။ ဝါကျဖွဲ့ပုံ အနည်းငယ်ရှည်လျားသည်မှအပ အဓိပ္ပာယ်ရှင်းအောင် ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၂၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ