၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၅-၁၂-၂၀၂၀) ရက် နံနက် ၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က Video Message ဖြင့် မိန့်ခွန်းမြွက်ကြားပြီးနောက် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ ၂၀၁၉ ခုနှစ် အမျိုးသားစာပေဆု ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ကြသည်။

ယင်းနောက် ဆုရရှိသူများ၏ကိုယ်စား တစ်သက်တာစာပေဆုရှင် ဆရာကြီးဦးညွှန့်မောင် (မောင်မောင်ညွှန့်-မန်းတက္ကသိုလ်) နှင့် အမျိုးသားစာပေ ဆုရရှိသူများ၏ကိုယ်စား ဆရာမကြီးဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို) တို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်သူ အကြီးအကဲများနှင့် အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ်များ၊ အမျိုးသား စာပေဆုရ ပုဂ္ဂိုလ်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

02-1

03-1

0033

0034

0040

0044

0047

0050

0052

0054

0056

0059

0062

0065

0073

0080

0084

0094

0098

 

 

 

 

 

 

 

 

 

 

 

အကြံပြုစာ/တိုင်ကြားစာ