ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ ပထမဆုရရှိသည့် သားညိုမောင်၏ ‘ကြယ်ကိုခူးဖို့ မိုးမြင့်ပျံ အကျွန့်တောင်ပံ သန်သလေလေ့’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် မူလတန်းကျောင်းလေးသာရှိပြီး အလယ်တန်း၊ အထက်တန်းကို သုံးမိုင်ခန့် ဝေးသော ရှပ်ပုံရွာသို့ ခက်ခက်ခဲခဲ သွားရောက်ပညာသင်ရသည့် သစ်လှတောရွာမှ ထက်အောင်ဆိုသူ ကျောင်းသားလေးနှင့် သူ့သူငယ်ချင်းများ၏ ဘဝဇာတ်ကြောင်းကို ရေးသားထားပါသည်။ ထက်အောင်သည် စာတော်သည်။ ရိုးသားဖြောင့်မတ်သည်။ စိတ်ကောင်းရှိသည်။ မိဘဆရာသမားကို ရိုသေ၍ ဘာသာတရားကိုင်းရှိုင်းသည်။ ထို့ကြောင့် သူ့ကို သူငယ်ချင်းများသာမက မိဘ၊ ဆရာများနှင့် ရွာဦးကျောင်း ဘုန်းတော်ကြီးကအစ ချစ်ခင်အားကိုးကြသည်။ ကျောင်းစာတွင် အားနည်းသော အတန်းဖော်များကို အချိန်ပေး၍ စာပြပေးသည်။ စာမေးပွဲတွင် အကောက်ကြံသော စာပြိုင်ဘက်ကို ခွင့်လွှတ်ပေးခဲ့ပြီး ကျောင်းနေခွင့်မရသဖြင့် ဆိုးသွမ်းတေပေနေသော ငယ်သူငယ်ချင်းကို လမ်းမှန် ပေါ်ရောက်အောင် ကူညီပေးခဲ့သည့် ထက်အောင်ဆိုသည့် ကျောင်းသားလေး၏ ဇာတ်ကောင်ကို လူငယ်များ အတုယူလိုက်နာနိုင်စေရန် ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။