စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ(၅၂)၊ အမှတ်(၁၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများ ကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “လူငယ်စွမ်းအားမှသည် ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် လူငယ်စွမ်းအားမှသည် ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်ဆီသို့၊ ရေရှည်ဖွံ့ဖြိုးရေး လူငယ် များကို ပျိုးထောင်ပေး၊ လူငယ်များ ဦးဆောင်မည့် အနာဂတ်၊ လူငယ်ရေးရာကဏ္ဍတွင် တစ်ခေတ် တစ်ခါက ကမ်းနားသစ်ပင်များ၊ စိတ်အစွဲ၊ ကံဆိုသည့်အကြောင်း တစေ့တစောင်း၊ မတိမ်ကောသေး သော၊ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် စိတ်ခွန်အား၊ လူငယ်နှင့် ဂန္ထဝင်စာပေ၊ လူငယ်နှင့် ပညာ၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကိုယ်ရေး ကိုယ်ထုတ်၊ လေဆိပ်မရှိသည့် နိုင်ငံငယ်လေးများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် Noncompete Agreement နှင့် အလုပ်သမားများ၏ အနာဂတ်၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင်  မူးယစ်ဆေးစွဲနေသော ဇနီးသည်၊ မသန်စွမ်းသူများဆိုင်ရာကဏ္ဍတွင် အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူ များလည်း ပူးပေါင်းပါဝင်ပေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၃)၊ သင့်မျက်စိကို တန်ဖိုးထားပါ၊ ခေတ်အမီဆုံး သားမြတ်ကင်ဆာ ကုထုံးသစ်များ၊ မျက်စိကျန်းမာရေး ကောင်းမွန်စေမည့် အစားအစာများ၊ ဝတ္ထုတိုကဏ္ဍတွင် ပါမောက္ခကြီး တယ်ရီနှင့် သူ၏ဇနီးချော၊ ခြံစည်းရိုးလေး၊  ဖြစ်ရပ်မှန်ကဏ္ဍတွင် မာရသွန်ဆင်နွှဲ ကင်ဆာကို အနိုင်ကြဲ၊ ခွင့်လွှတ်ခြင်းလက်ဆောင်၊ မြေအောက်အနက်ပိုင်း ကယ်ဆယ်ရေး၊ အထွေထွေကဏ္ဍတွင် ခေတ်စနစ်အခြေအနေကို ပီပြင်စွာ သရုပ်ဖော်နိုင်သော ကမ္ဘာကျော်စာရေးဆရာကြီး၊ ဘဝအဓိပ္ပာယ်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊  ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ