ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်၏ ၂ဝ၂၄ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်း သဘင်ပွဲ အခမ်းအနားပွဲကို ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက် (ကြာသပတေးနေ့) တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။



