ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၇) ၌ ခန္ဓာကိုယ်အရွယ်အစားသေးသော်လည်း အသိဉာဏ်ပညာ ကြီးမားသော ပုရွက်ဆိတ်လေးအကြောင်း သရုပ်ဖော်ထားသည့် “သတ္တိကောင်းတဲ့ ပုရွက်ဆိတ်လေး” မျက်နှာဖုံးကာတွန်း၊ မိမိတွင်ရှိသော အရည်အချင်းကို ခြေခြေမြစ်မြစ် မသိဘဲ မိမိကိုယ်မိမိ ဘဝင်မြင့် အထင်ကြီးမိရာက ဒုက္ခရောက်ရသော တောခွေးအကြောင်း သရုပ်ဖော်ထားသည့် “တောခွေးနဲ့ အရိပ်” နှစ်မျက်နှာကာတွန်း၊ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်လျှင် သူကိုယ်တိုင် ကယ်တင် လိုက်မည်ဆိုသော ထော်လေးအကြောင်း သရုပ်ဖော်ထားသည့် “ထော်လေး” နှစ်မျက်နှာကာတွန်း၊ ကိစ္စတစ်ခုကို မလုပ်မီ သေသေချာချာ စဉ်းစားပြီးမှ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သော ဖားလေးနှစ်ကောင်အကြောင်း သရုပ်ဖော်ထားသည့် “မလုပ်ခင် စဉ်းစား” နှစ်မျက်နှာကာတွန်း၊ သွားလေရာ နားကြပ်တပ်ခြင်းသည် မိမိ၏ အသက်အန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း နားလည် သဘောပေါက်သွားသော ဖိုးထူးအကြောင်း သရုပ်ဖော်ထားသည့် “ဖိုးထူးနှင့် Pတူး ပါဝင်သော ကံကောင်းလို့” တစ်မျက်နှာကာတွန်းနှင့် မေမေ ခေါင်းကိုက်နေလျှင် ညစာအတွက် သူ စီစဉ် လိုက်မည်ဆိုသော သား ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် အန်နီမေးရှင်းရုပ်ရှင် ဖန်တီးမှုများအကြောင်း ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍတွင် ဘွားဘွား၏ ဆုံးမစကားကြောင့် လေးတန်းအတန်းတင်စာမေးပွဲကို အမှတ် အများဆုံးဖြင့် အောင်မြင်ခဲ့သော ဖြိုးမောက်အကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍ အနေဖြင့် ပျားဖွပ်ခြင်းနှင့်် ပျားဖွပ်နည်းအကြောင်းတို့ကို သူငယ်ချင်းဖြစ်သူအား သေသေချာချာ ရှင်းပြနေသော ခင်မောင်ထွန်းအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာ ကဏ္ဍ၊ ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် စာအုပ်စာပေကို လေ့လာဖတ်ရှုမှတ်သားခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း ရေးဖွဲ့ထား သည့် ဆရာ ကိုကျော်စွာ (ကျိုက်ပိ) ၏ “ကမ္ဘာပတ်ဖို့ စာဖတ်စို့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။