၈-၁၁- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၄၅) တွင်  ဖခင်က ကံ၊ ဉာဏ်၊ ဝီရိယတို့သုံးပါးစလုံးဖြင့် ကြိုးစားလျှင် အောင်မြင်မှု ရနိုင်ကြောင်း ဥပမာများပေး၍ ပုပုကို ဆုံးမထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ငါးသုံးကောင်နှင့် ကြွက်သုံးကောင်” မျက်နှာဖုံးကာတွန်း၊ စည်းကမ်းရှိသော စာကြည့်တိုက်မှူး ကိုသက်ကြည်နှင့် စည်းကမ်းမလိုက်နာသော စာဖတ်သူ ကိုဗေထုံတို့အကြောင်း သရုပ်ဖော်ထားသည့် “ဗေထုံနှင့် စာတန်းလေးများ” နှစ်မျက်နှာကာတွန်း၊ စာအုပ်ဖတ်သည့်အခါ စိတ်ရွှင်လန်းပြီး အသိပညာများရသွားသည့် ဖိုးတစ်တိုအကြောင်း သရုပ်ဖော်ထားသည့် ကာတွန်းသန်းဦး၏ “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ အရွယ်အစားမတူညီကြသည့် တောင်စွယ်နှင့် ကြွက်ငယ်တို့တွင် စွမ်းအားကိုယ်စီရှိကြပုံကို သရုပ်ဖော်ထားသည့် “တောင်စွယ်နှင့် ကြွက်ငယ်” နှစ်မျက်နှာကာတွန်း၊ ဖုန်းကို အလွန်အကျွံ သုံးစွဲမိသည့်အတွက် ကျန်းမာရေးနှင့် ပညာရေးတွင် ထိခိုက်ရပုံကို သရုပ်ဖော်ထားသည့် “နှောင်းနောင်တ” နှစ်မျက်နှာ ကာတွန်းနှင့် ဆရာမရေးခိုင်းသည့် ခွေးအကြောင်း စာစီစာကုံးနှင့်ပတ်သက်၍ မြဂျိုးရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “မြဂျိုး” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ဘုရားကျောင်း၏ ဗိသုကာအနုပညာလက်ရာမြောက်ပုံနှင့် ထင်ရှားကျော်ကြားပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “အန်ကောဝပ်ကျောင်းတော်ကြီး” သုတဆောင်းပါးကဏ္ဍ၊  ဖခင်၏ ပြောစကားကို နားမထောင်မိသည့်အတွက် နေမကောင်းဖြစ်သွားသော ပြည့်စုံသာအကြောင်း ရေးသားထားသည့်  “ညှာညှာတာတာ ဆော့ကစားပါ” ဝတ္ထုကဏ္ဍ၊ ဆရာကို ပြစ်မှားမိသည့် မောင်ဝဏ္ဏအား ဘုရင်က ကြိမ်ဒဏ်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်သည့်အကြောင်း ရေးသားထားသည့် “ဆရာကို ပြိုင်၊ နိုင်မတဲ့လား” ပုံပြင်ကဏ္ဍနှင့် ကျွန်ပညာရေးကို မလိုလား၍ တက္ကသိုလ် ကျောင်းသားများ လက်တွဲညီစွာ သပိတ်ဆင်နွှဲခဲ့ကြသည့် အမျိုးသားနေ့အကြောင်း ရေးဖွဲ့ထားသည့် “အမျိုးသားအောင်ပွဲနေ့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
        
 

အကြံပြုစာ/တိုင်ကြားစာ