၂၇-၉- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၃၉) ၌ ဖခင်သိကြားမင်း၏ ဆိုဆုံးမမှုကြောင့် သားဣလ္လိဿသူဌေးသည် သံဝေဂရကာ ဒါနနှင့် သီလတို့ကို ပြုလုပ်ထားသည့်အကြောင်းကို သရုပ်ဖော်ထားသည့် နှမြောတွန့်တိုသူ” မျက်နှာဖုံး ဇာတ်လမ်း၊ ခင်ခင်ပြူးနှင့် သူငယ်ချင်းများက နာမည်၏နောက်တွင် အဖေနာမည် ထည့်ကြသည့် အကြောင်းကို ဦးတိုးအားမေးမြန်းထားသည်ကို သရုပ်ဖော်ထားသည့် “ဂန္ထဝင်ခင်ခင်ပြူးနှင့် အပေါင်း အသင်းများ” နှစ်မျက်နှာကာတွန်း၊ ဂျာရစ်စီးသော စကိတ်မှာ ငှက်ပျောခွံစကိတ်ဖြစ်သွားသည့်အကြောင်း  သရုပ်ဖော်ထားသည့် ဂျာရစ် တစ်မျက်နှာကာတွန်း၊ မြေခွေး၏ အကြံအစည်မှာ မအောင်မြင်ဘဲ စပါးကြီးမြွေနှင့် ခြင်္သေ့လေးတို့မှာ အရင်လို ချစ်ခင်စွာ နေထိုင်သည့်အကြောင်း  သရုပ်ဖော်ထားသည့် “ကုန်းချော”  နှစ်မျက်နှာကာတွန်း၊ ကျီးနှစ်ကောင်၏ အစာရှာမှု ကွာခြားပုံကို သရုပ်ဖော်ထားသည့် “တောကျီးနှင့် မြို့ကျီး” နှစ်မျက်နှာကာတွန်းနှင့် သားဖြစ်သူမှာ အရာဝတ္ထုများကို အမှုန်သေးသေး လေးများနှင့် ဖွဲ့စည်းထားသည်ကို သိရှိသွားသည့်အကြောင်း အမေကို ပြောပြထားသည်ကို သရုပ်ဖော် ထားသည့် သိပုံက မျက်နှာဝက်ကာတွန်း ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

နေအကြောင်းနှင့် ပတ်သက်၍ ဗဟုသုတဖြစ်စေမည့်အကြောင်းအရာများကို ရေးသားထားသည့် နေနှင့် ကမ္ဘာတို့၏ အနာဂတ်သုတကဏ္ဍ၊ ကလေးတို့စိတ်ကြိုက် အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ကဏ္ဍ၊  ဆရာကြီး၏ ဆိုဆုံးမမှုကြောင့် သူတို့အပြစ်ကိုဝန်ခံကာ အမြင်မှန်ရသွားသည့် ကျောင်းသားများအကြောင်း ရေးသားထားသည့် “တပည့်မကောင်း ဆရာ့ခေါင်း” ဝတ္ထုကဏ္ဍ၊ ကလေးတို့ ပေးပို့ထားသော လက်ရာများကို ဖော်ပြပေးထားသည့်  “ရွှေသွေးတို့ လက်ရာ”  ပန်းချီကဏ္ဍနှင့် သီတင်းကျွတ်လတွင် မြတ်စွာဘုရားကို ဆီမီးများထွန်းညှိပူဇော်ကြပုံ၊ အဘိုးအဘွား၊ မိဘများကို ကန်တော့ကြပုံ၊ စုပေါင်းကာ ပဝါရဏပြုကြပုံနှင့် အဘိဓမ္မာတရား နာကြားကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဝါကျွတ်လ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါ သည်။

  အင်္ဂလိပ်စာအနေနှင့် Phrasal Verb အကြောင်းကို လေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ