ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၇)၌ စာစီစာကုံးရေးနိုင်ခြင်းကိုသာ အာရုံစိုက်လုပ်ဆောင်ကာ အခြားအရာများ ဆုံးရှုံးသွားသည်ကို ဂရုမပြုမိခဲ့သောကြောင့် မိခင်၏ ဆုံးမမှုကိုခံခဲ့ရသော ပလာတူး အကြောင်းကို သရုပ်ဖော်ထားသည့် “ခိုင်ဝေရဲ့ အကြံ” မျက်နှာဖုံးကာတွန်း၊ ပန်းချီပုံရေးဆွဲရာ၌ မိမိ၏ စိတ်ကူးအတွေးဖြင့် ပန်းကန်ပြားတစ်ချပ်တည်းကိုသာ ရေးဆွဲထားသည့် ချက်စူအကြောင်းကို သရုပ်ဖော် ထားသည့် “ချက်စူ ပါဝင်သော အတွေးအခေါ်ပန်းချီ” နှစ်မျက်နှာကာတွန်း၊ ကစားကွင်းဘေးတွင် ကလေး များကို ဝှေ့တတ်သည့် ဆိတ်သိုးကို နှိမ်နင်းပေးမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် သူ၏လုပ်ရပ် ကြောင့် သူငယ်ချင်းများ၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်းကို ခံခဲ့ရသော ကိုထက်အကြောင်းကို သရုပ်ဖော် ထားသည့် “ဖြိုးရဲနှင့် ကိုထက် ပညာပေးပုံ” နှစ်မျက်နှာကာတွန်း၊ အပေါင်းအသင်းမှားကာ လမ်းမှား ရောက်တော့မည့် ပုပုကို သူငယ်ချင်းများက လမ်းမှန်သို့ရောက်အောင် တည့်မတ်ပေးခဲ့ပုံကို သရုပ်ဖော် ထားသည့် “ပုပုပါဝင်သည့် ပြင်ပါ့မယ် နီမရယ်” နှစ်မျက်နှာကာတွန်း၊ ဖခင်က စကားပြောရာ၌ မှန်မှန် ကန်ကန် ပြောဆိုတတ်စေရန် ဆုံးမစကားပြောသည်ကို သူလုပ်ချင်သော အရာများကို အချိန်မှန်မှန် လုပ်ဆောင်နိုင်ရန် ပြောပြခဲ့သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ပူတင်းအကြောင်းကို သရုပ်ဖော်ထားသည့် “ပူတင်း- အချိန်မှန်ဖို့ပဲ လိုတယ် ” တစ်မျက်နှာကာတွန်းနှင့် ကြက်သားကြော်ကို နေ့တိုင်းစားနေရ၍ ငြီးငွေ့နေသည့် ဖိုးတစ်တိုနှင့် ကြက်ဥကို ဟင်းအပြောင်းအလဲအဖြစ် ပြုတ်ပေးမည့် သူ၏ မေမေတို့ အကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်း စရာ” သုတဆောင်းပါး၊ ဆက်ရက်ဖိုနှင့် ဆက်ရက်မတို့ကို စိတ်ကောင်းစေတနာကောင်းထားကာ အစာကျွေးခဲ့၍ ရတနာပစ္စည်းများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သော လယ်သမားကြီးအကြောင်းကို ရေးသားထားသည့် “စေတနာရောင်ပြန်” ပုံပြင်နှင့် ‘ပျော်ရွှင်စရာ ခရီးတစ်ခေါက်’ ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားရာ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် မန္တလေးသို့ ရထားဖြင့် ဘုရားဖူးသွားခဲ့သည် များကို ရေးသားထားသည့် “ပျော်ရွှင်စရာ ခရီးတစ်ခေါက်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ အနေဖြင့် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ရေးပါ ခြယ်ပါ ပျော်စရာ” ကဏ္ဍ၊ ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍနှင့် ကလေးတို့ကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတို့နှင့် ပြည့်စုံသည့် နိုင်ငံ့ သားကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း သီကုံးရေးစပ်ထားသည့် “နိုင်ငံ့အင်အား ကြယ်ပွင့်များ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။