၅-၇- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၇) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၂၇) ၌ ပေစိ၏ အခက်အခဲကို နားလည်သဘောပေါက်သွားသဖြင့် သူငယ်ချင်းအပေါ် စိတ်မဆိုး တော့သည့် ပုပုအကြောင်းကို သရုပ်ဖော်ထားသည့်  “‌ကျေးဇူးပါ သူငယ်ချင်း” မျက်နှာဖုံးကာတွန်း၊ လူကြီး ပြောစကားကို နားမထောင်ဘဲ ငှက်ပစ်မိသည့် မြဂျိုးသည် အိပ်မက်ထဲတွင် ငှက်ကြီးလိုက်ဆိတ်၍ ကြောက်လန့်သွားသည့်အကြောင်းကို သရုပ်ဖော်ထားသည့် “ငှက်ပစ်ခြင်းကြောင့်” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုး၏ အကြံပေးမှုကြောင့် ညဘက်အိပ်ပျော်သွားသော တင်မျိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ဇိန်းသော်မှာ သူ လုပ်ခဲ့သော အလုပ်ကို ဂုဏ်ယူစွာဖြင့် ဖိုးဇော်အား ပြောပြထားသည်ကို တင်ဆက်ထားသည့် “မြတ်သောအလုပ်” နှစ်မျက်နှာကာတွန်း၊ ဆိုးသွမ်းသည့် မျောက်ကလေးကို ဖမ်းဆီးနိုင်ခဲ့သည့် ကံကောင်း အကြောင်းကို သရုပ်ဖော်ထားသည့် “လောဘကြီးသော မျောက်ကလေး”  နှစ်မျက်နှာကာတွန်းနှင့် အမေဝယ်ခိုင်းသည့် အစိမ်းစားရသည့် ငါးပိမှာ ဆိုင်တွင် မရှိဘူး ဆိုသည့် ဖိုးတစ်တိုအကြောင်း သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။

        ကလေးများ လက်သည်းကိုက်ခြင်းကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးဆိုးကျိုးများအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “လက်သည်းကိုက်ခြင်းရဲ့ ကျန်းမားရေးဆိုးကျိုးများ” သုတ ဆောင်းပါးကဏ္ဍ၊ စေတနာကောင်း၍ စိတ်နှလုံးကောင်းရှိသော၊ ဈေးရောင်းရင်း လှူတတ်သော အဘွားအို တစ်ယောက်အကြောင်း ရေးသားထားသည့် “သူတော်ကောင်း နတ်ကောင်းမ” ပုံပြင်ကဏ္ဍ၊ ပစ္စည်းတစ်ခု ကို သူ့အချိန်အခါနှင့် သူ အသုံးပြုသင့်ကြောင်း နားလည်သွားသည့် ထက်လူအကြောင်း ရေးသားထား သည့် “ဝါးခမောက်လေးပဲ ဆောင်းတော့မယ်” ဝတ္ထုကဏ္ဍ၊ မိုးတွင်းကာလတွင် လျှပ်စီးများလက်၍ မိုးခြိမ်းပုံ၊ ကောက်ပင်များ စိမ်းစိုပုံ၊ ဝါတွင်းတွင် ရဟန်းသံဃာများ စာဝါမွေ့လျော်ပုံ၊ အားလုံးအတူတကွ ဥပုသ်သီလဆောက်တည်ပုံနှင့် အလှူအတန်း လှူဒါန်းပုံအကြောင်းတို့ကို ရေးဖွဲ့ထားသည့် “သီလထုံသင်း လဝါတွင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

        အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

    ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ