၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နံနက် ၁၁ : ၀၀ နာရီမှ ၁၂ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-366
2-325

အကြံပြုစာ/တိုင်ကြားစာ