စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ အတွဲ(၅၂)၊ အမှတ်(၆) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကို လည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စာပေအနုပညာမူပိုင်ခွင့်ဥပဒေအကြောင်း သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်၊ ဥပဒေကိုမသိ၍ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ လူငယ်ရေးရာကဏ္ဍတွင် ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်၊ စစ်ကိုမုန်း၍ လူသားဆန်သော သိပ္ပံပညာရှင်၊ စိတ်မဆိုးလိုက်ကြပါနဲ့၊ ပညာရေး တိုးတက်လာမှုပုံစံနှင့် ယနေ့ပညာရေးစနစ်၊ နှစ်သက်လေးစား တန်ဖိုးထားမှုများ၊ သူ့ကျေးဇူးကြောင့်၊ လူငယ်နှင့် လူမှုကွန်ရက်၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဇောတိကတို့ ပုန်းခိုရာ၊ သဘာဝ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဥနှင့်ငှက်အကောင်ပေါက်များ အန္တရာယ်ကင်းအောင် တည်ဆောက်ထားသော ငှက်သိုက်များ၊ အလွယ်သုံး ကြာရှည်ခံ ပလတ်စတစ်ညစ်ညမ်းမှု နှိုးဆော်သံ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကဏ္ဍတွင် အချိန်တိုအတွင်း ဖျက်အားကောင်းသည့် လေဆင်နှာမောင်း၊ ငလျင်အပြီး ပြိုကျအဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများအကြားမှ ဗီယက်နမ်၏ အခင်းအကျင်း၊ အင်ဖလေးရှင်းဖိအား လျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းများ၏ အားထုတ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး MSME လုပ်ငန်းများ အားပေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဆေးလိပ်သောက်သုံးမှုကင်းဝေးရေး ဝိုင်းဝန်း ဆောင်ရွက်ပေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် သားမြတ်ကင်ဆာ အဖြေရှာ၊ ဝတ္ထုတိုကဏ္ဍတွင် ကလေးအတွေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သဲကန္တာရတွင် ထောင်ချောက်မိခြင်း၊ သူရဲကောင်းအချစ်တော် တိရစ္ဆာန်များ (၁)၊  အထွေထွေကဏ္ဍတွင် အငတ်ဘေးမှ ကင်းဝေးရေး၊ ကလေးသူငယ်ဖွံ့ဖြိုးမှု ဂရုပြု၊ ပြုံးတော်မူ၊ နက္ခတ္တ ဗေဒပညာရှင် အကျော်အမော်များ ဉာဏ်စမ်း၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ