ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁၉)၌ သူတစ်ပါးအကူအညီ လိုအပ်နေချိန်တွင် ကူညီပေးခဲ့၍ မိမိဒုက္ခရောက်သောအခါ တွင်လည်း အကူအညီ ပြန်လည်ရရှိပုံကို သရုပ်ဖော်ထားသည့် “နေစရာ” မျက်နှာဖုံးကာတွန်း၊ ဂျောတိတ်ရွာသားတို့၏ သရဲခြောက်သည်ဟု ထင်မြင်ယူဆချက် မှားယွင်းမှုကို ဖြေရှင်းပေးနိုင်ခဲ့သော ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ခေါင်းလောင်းသံ” နှစ်မျက်နှာကာတွန်း၊ မည်မျှပင် မူလက စိတ်ထားကောင်းသူဖြစ်စေကာမူ အရက်မူးလာပါက လူဆိုးဖြစ်ကာ အများက ကြောက်ရွံ့ကြပုံကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ- နားထောင်သူ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် ကူညီပေးတတ်သော ရွှေပဲ၏ တစ်လွဲလုပ်ပုံများကို သရုပ်ဖော်ထားသည့် “ရွှေပဲ” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီး ကတ်ဖဲ့ ပြောဆိုတတ်သော ဉာဏ်ပေါ်အကြောင်းကို သရုပ်ဖော်ထားသည့် “ထက်ထက်နဲ့ ဉာဏ်ပေါ်” တစ်မျက်နှာကာတွန်း၊ ဖခင်ပြောသော စကားအတိုင်း သေချာမှုမရှိသေး၍ စာမဖတ်သေးဘဲ အိပ်နေသော ပန်ပန်အကြောင်းကို သရုပ်ဖော်ထားသည့် ကာတွန်းဖိုးတုတ်ကလေး၏ “ပန်ပန်” မျက်နှာဝက်ကာတွန်း တို့ကို ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ဦးနှောက်မှတ်ဉာဏ်အား ကောင်းစေရန် စားသောက်ပေး သင့်သည့် အစားအစာများအကြောင်းကို ရေးသားထားသည့် “မှတ်ဉာဏ်အား ကောင်းစေတဲ့ အစားအစာများ” သုတဆောင်းပါး၊ မိုးလေသင့်၍ ဒုက္ခရောက်နေသောငှက်ကျားလေးကို ကူညီပေးခဲ့၍ စာကလေး ဒုက္ခရောက်ချိန်တွင်လည်း အကူအညီပြန်လည်ရရှိပုံကို ရေးသားထားသည့် “ငှက်ကျားလေး” ပုံပြင်နှင့် စိတ်ထားဖြူစင်သော မောင်ထွေးအကြောင်းကို ရေးသားထားသည့် “ဖြူစင်စိတ်ထား” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်”ကဏ္ဍနှင့် ကဆုန်လတွင် မြတ်စွာ ဘုရားအား မှန်းရည်ကာ ညောင်ရေသွန်းလောင်းကြပုံကို သီကုံးရေးဖွဲ့ထားသည့် “ဗုဒ္ဓနေ့မြတ်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။