၂၆-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၇)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၇)၌ အပြောမဟုတ်ဘဲ ထိထိရောက်ရောက် လက်တွေ့ ကူညီတတ်သူသာ မိတ်ဆွေ သူငယ်ချင်းကောင်းဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “မိတ်ဆွေစစ်သူငယ်ချင်းကောင်း” မျက်နှာဖုံးကာတွန်း၊ ကောက်ညှင်းဆီထမင်းကို ကိုယ်တိုင်ချက်ကြသော ကီးကီနှင့် ဂျိုးဂျိုးအကြောင်း သရုပ်ဖော်ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ ကောက်ညှင်းဆီထမင်း” နှစ်မျက်နှာကာတွန်း၊  အဘမှန် သည် သူ၏ မုဆိုးအလုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်ရသည့် အကြောင်းရင်းကို ရိုးရိုးလေးတို့အား ပြန်လည်ပြောပြပုံအကြောင်း သရုပ်ဖော်ထားသည့် “ရိုးရိုးလေး-တောမုဆိုးနဲ့ ကျွန်တော်” နှစ်မျက်နှာ ကာတွန်း၊ နာမည်နှင့်လိုက်အောင် ရိုးသားသော ထင်းခုတ်သမားလေး ရွှေရိုးသည် သူ၏ ရိုးသားမှု စေတနာအကျိုးကျေးဇူးကို လက်တွေ့ခံစားရပုံအကြောင်း သရုပ်ဖော်ထားသည့် “ရိုးသားသော ရွှေရိုး” နှစ်မျက်နှာကာတွန်း၊ ညိုချောနှင့် သူ၏ သူငယ်ချင်းတို့သည် သူတို့၏ အကျင့်အသီးသီးကို အချင်းချင်း ပြောပြနေကြပုံအကြောင်း သရုပ်ဖော်ထားသည့် “ညိုချော”  တစ်မျက်နှာကာတွန်းနှင့် တိရစ္ဆာန်လေးဖြစ်သွားပါက ရွှေငါး မဖြစ်လျှင် ပြီးရောဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော် ထားသည့် “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

    သုတကဏ္ဍအနေဖြင့် ကြောင်လေးများကို အိပ်ရာထဲတွင် အတူခေါ်သိပ်ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် လူဆိုသည်မှာ ရုပ်အဆင်း လှပဖို့ထက် စိတ်ထားမွန်မြတ် သန့်စင်ဖို့က အ‌ရေးကြီးသည်ကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ဂန်နီလီရာသည် တန်ဖိုးကိုယ်စီရှိသော စက္ကူပန်းနှင့် သဘာဝပန်းအစစ်တို့ကို မြတ်နိုး တန်ဖိုးထားကြောင်း ‌ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကမ္ဘာ့အလုပ်သမားနေ့အကြောင်း ဂုဏ်ပြုရေးဖွဲ့ထားသည့် “ကမ္ဘာ့အလုပ်သမားနေ့” ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ