ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၈)၌ မီးလောင်ရာတွင် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို သက်စွန့်ဆံဖျား ကြိုးစားကယ်ပေးကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအကြောင်း သရုပ်ဖော်ထားသည့် “ကျွန်မမီးသတ်မေ” မျက်နှာဖုံးကာတွန်း၊ ပညာ၏တန်ဖိုးကို သိရှိပြီး ပညာရှိ ဆရာကြီးထံတွင် ပညာများ သွားရောက်သင်ယူ မည့် ရွှေတိုးအကြောင်း သရုပ်ဖော်ထားသည့် “ပညာတန်ဖိုး” နှစ်မျက်နှာကာတွန်း၊ ရေနွေးပူလောင် သွားသော သူငယ်ချင်းကို ရေနွေး ပူ၊ မပူ အရင်စမ်းကြည့်ပါလားဟု စနောက်ထားသည့် ရာဇာအကြောင်း သရုပ်ဖော်ထားသည့် “စမ်းကြည့် ပါလား” တစ်မျက်နှာကာတွန်း၊ လမ်းခင်းသည့် သူများကို ထမင်း ကျွေးရာတွင် မိဆုနှင့် သူငယ်ချင်းများ ပါဝင်ကူညီ ပေးပုံအကြောင်း သရုပ်ဖော်ထားသည့် “ရိုးရိုးလေးရဲ့ မနေ့ကနဲ့ မတူ” နှစ်မျက်နှာကာတွန်း၊ ဆရာကြီး၏ ရှင်းပြမှုကြောင့် သူ၏ နာမည်ကို နှစ်သက်သွားသည့် မောင်သံအကြောင်း သရုပ်ဖော်ထားသည့် “မောင်သံ” နှစ်မျက်နှာကာတွန်းနှင့် ပစ္စည်းဝှက်တမ်း ကစား ကြသည့် သူငယ်ချင်းနှစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “မှန်တယ်နော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် နေနာရီမှ အစပြု၍ နာရီအမျိုးမျိုး တီထွင်ခဲ့ပုံများအကြောင်း ဗဟုသုတ ရရှိစေရန် ရေးသားထားသည့် “ခေတ်အဆက်ဆက် နာရီအမျိုးမျိုး” သုတ ဆောင်းပါးကဏ္ဍ၊ ဖခင်ဖြစ်သူက မြေပဒေသာကျွန်းသို့ သားနှစ်ယောက်ကိုခေါ်သွားကာ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဗဟုသုတများကို ရှင်းပြပုံအကြောင်း ရေးသားထားသည့် “စိုက်ပျိုးရေးပညာ ရခဲ့ပါသည်” ဝတ္ထုကဏ္ဍ၊ ကလေးတို့ စိတ်ကြိုက် အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြ ရအောင်” ဉာဏ်စမ်းကဏ္ဍ၊ ကောက်ကျစ် သော မြေခွေး၏ အန္တရာယ်ကို မရှောင်းတိမ်းနိုင်ခဲ့သည့် လူရုပ်ပေါင်မုန့်လေး အကြောင်းကို ရေးသားထား သည့် “ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူရုပ် ပေါင်မုန့်လေး” ပုံပြင်ကဏ္ဍနှင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး လိုက်နာ ကျင့်ကြံကာ ဦးထိပ်ပန်ဆင်သင့်ကြောင်းကို ရေးဖွဲ့ထားသည့် “ရတနာ မြတ်သုံးပါး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် လူနေ တိုက်ခန်းခေါင်မိုး မိုးယိုသည်နှင့် ပတ်သက်ပြီး တိုက်ခန်းနေထိုင်သူနှင့် တိုက်ခန်းတာဝန်ခံ မန်နေဂျာတို့ ဖုန်းဖြင့် အပြန်အလှန်ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာ ကဏ္ဍတို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။