ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၁၆)၌ အလုပ်သမားများအပေါ် မေတ္တာစေတနာမထားဘဲ ကြက်သားအရိုးနှင့် ငါးခေါင်းများသာ ကျွေးခဲ့သော အဒေါ်ဖြစ်သူအား အမြင်မှန်ရရှိရန် လုပ်ဆောင်ပေးခဲ့သော ရွှေမိအကြောင်းကို သရုပ်ဖော် ထားသည့် “ဒေါ်ရမ်းချက်” မျက်နှာဖုံးကာတွန်း၊ လမ်းတွင်တွေ့သော ပစ္စည်းအတိုအစများကို ကောက်ယူ စုဆောင်းထားခြင်းဖြင့် အခြားသူများ၏ လိုအပ်သောအရာများကို ဖြည့်ဆည်းပေးနိုင်ခဲ့သော မောင်အောင် အကြောင်းကို သရုပ်ဖော်ထားသည့် “လိုတရဘဏ်” နှစ်မျက်နှာကာတွန်း၊ မြေခွေး၏ လက်မှ လွတ်မြောက် အောင် ဆောင်ရွက်နိုင်ခဲ့သော ဉာဏ်ပညာ ထက်မြက်သည့် ယုန်လေးအကြောင်းကို သရုပ်ဖော်ထားသည့် “အမှန်စကား” နှစ်မျက်နှာကာတွန်း၊ အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိရန် လေ့ကျင့်ခြင်းများ ပြုလုပ်၍ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်သင့်ကြောင်း သရုပ်ဖော်ထားသည့် “အားကစားစိတ်ဓာတ်” နှစ်မျက်နှာကာတွန်း၊ အလုပ်လုပ်ရာ၌ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်တတ်မှုကြောင့် ဒုက္ခတွေ့ခဲ့ရသော အောင်အောင်အကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော စည်းကမ်း” တစ်မျက်နှာကာတွန်း နှင့် မိမိ၏ လက်ရေးကို မိမိမှလွဲ၍ အခြားသူများ မဖတ်နိုင်ကြောင်း မိခင်ဖြစ်သူအား ပြောပြနေသော ပန်ပန်အကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသော အသည်းရောင်အသားဝါအေ ပိုး ကူးစက်မခံရစေရန် လိုက်နာရမည့် အချက်များနှင့် ကူးစက်ခံရပါက ဆရာဝန်နှင့် ပြသကာ ကုသမှုခံယူ သင့်ကြောင်း ရေးသားထားသည့် “အသည်းရောင် အသားဝါအေ(Hepatitis A)” သုတဆောင်းပါး၊ ရှေးဟောင်းရွှေသေတ္တာဘူးလေးရရှိခဲ့သော မောင်အောင်တို့သားအဖ၏ တာဝန်သိတတ်မှုကို ဂုဏ်ပြုပွဲဖြင့် ဆုကြေးငွေချီးမြှင့်ပေးခဲ့ပုံကို ရေးသားထားသည့် “ထိန်းသိမ်းအပ်ပေ ရှေးအမွေ” ဝတ္ထုနှင့် သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထားကာ ကူညီလုပ်ဆောင်ပေးခဲ့၍ မိမိနှင့်တကွ အပေါင်းအဖော်များပါ ပျော်ရွှင်မှုရရှိ သွားသော မျောက်လေးအကြောင်းကို ရေးသားထားသည့် “စိတ်ထားကောင်းတဲ့ မျောက်” ပုံပြင်တို့ ပါဝင်ပါ သည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ငလျင်ဘေးအန္တရာယ်ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့် ရှောင်ရှားသင့်သည့်အချက်များကို ထည့်သွင်းဖော်ပြထားသည့် အသိပေးနှိုးဆော်ချက်များ၊ အသီး အချို့၏ အမည်များကို အင်္ဂလိပ်အမည်များနှင့် တွဲဖက်ကာ သီကုံးရေးဖွဲ့ထားသည့် “သစ်သီးစုံလင် စားစေ ချင်” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ရေကူးကန်အနီးတွင် နေထိုင်သည့်သူမှ ရေကူး ကန်မှ ဆူညံသံများနှင့် ပတ်သက်၍ တိုက်ခန်းအုပ်ချုပ်ရေးနှင့် ဆိုင်သည့် မန်နေဂျာအား တိုင်တန်းပြောဆို ပုံကို အပြန်အလှန်ပြောဆိုပုံဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။