ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၅၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များ မှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၂) - နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမိန့် ကြော်ငြာစာ၊ အကောက်ခွန်ဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။
အပိုင်း (၄) တွင် ASCENZ MYANMAR COMPANY LIMITED (၂၀၁၇) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ(၃၅၇) အရ (ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ၊ Myanmar Insolvency Law Section 211 KOMYALL LTD (Members Voluntary Winding-up) Invitation to Final Meeting၊ MAGWAY UNITY CO.,LTD မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေ ၂၀၁၇ အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာခြင်းတို့ ပါဝင်ပါ သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၇၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ်-၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း-၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။