၂ - ၁၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၄၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ် (၄၈) ၌ သူတစ်ပါး ဒုက္ခရောက်နေပါက ကူညီသင့်ပုံနှင့် လိုအပ်သူကို အကူအညီပေးပါ က မိမိတွင်လည်း အကူအညီပြန်လည်ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “မာန်တက်တဲ့ ညောင်ပင်” မျက်နှာဖုံးကာတွန်း၊ ကလေးများအနေဖြင့် ကျောင်းတက်ရာတွင် ပျော်ရွှင်ရပုံနှင့် စာကြိုးစားသင့်ပုံကို အချင်းချင်း ပြောဆိုနေကြပုံဖြင့် တင်ဆက်ထားသည့် “ဆူးကလေး- ကျေးလက်တေးသံ” နှစ်မျက်နှာ ကာတွန်း၊ မိမိ၏လုံခြုံရေးအတွက် ဖြိုးရဲနှင့် နွေရာသီကျောင်းပိတ်ရက်တွင် ကိုယ်ခံပညာသင်ကြားခဲ့သော သူငယ်ချင်းတို့ အပြန်အလှန်ပြောဆိုကြပုံကို တင်ဆက်ထားသည့် “ဖြိုးရဲ- ကိုယ်လုံဖို့” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းအပေါင်းအသင်းများကို ပေါင်း‌သင်းရာ၌ လူဆိုးလူကောင်းရွေးချယ်၍ ပေါင်းသင်း သင့်ပုံကို အတုယူဖွယ် တင်ဆက်ထားသည့် “ကံကောင်းနဲ့ အောင်ပု” နှစ်မျက်နှာကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ ပြောဆိုတတ်သော အားပုံ့အကြောင်းကို ရေးဖွဲ့ထားသည့် “အားပုံ့” တစ်မျက်နှာ ကာတွန်းနှင့် စာမကျက်ချင်၍ စကားကို ဝေ့ဝိုက်ပြောဆိုနေသော ဉာဏ်ကောင်းသည့် ကျောက်ပု အကြောင်းကို ရေးဖွဲ့ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ခုနစ်ထွေအကတွင် ပါဝင်သည့် ဒိုးပတ်အကအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ခုနစ်ထွေအက(ဒိုးပတ်အက)” သုတဆောင်းပါးနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ကြသည့် ဆောင်ရွက်မှုများအကြောင်းကို ရေးဖွဲ့ထားသည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” သုတဆောင်းပါးတို့ကို တင်ဆက်ထား ပါသည်။ မိခင်ကို လုပ်ကိုင်‌ကျွေးမွေး၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “မျောက်လေးနဲ့ ပန်းသီး” ပုံပြင်နှင့် သူတစ်ပါးကို စိတ်ကောင်းစေတနာဖြင့် ကျွေးမွေး ပြုစုပါက မိမိတွင်လည်း အစားအသောက်ရရှိနိုင်ပုံကို ရေးဖွဲ့ထားသည့် “‌စေတနာအကျိုးပေး” ဝတ္ထုတို့ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးအထူးထုတ် (၂၀၂၄) တွင် ကလေးတို့လက်ရာ ပန်းချီများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်သည့် “ရွှေသွေးတို့လက်ရာ ပန်းချီဖိတ်ခေါ်” ကြော်ငြာနှင့် အမျိုးသား အောင်ပွဲနေ့အကြောင်းကို ဗဟုသုတရဖွယ် စပ်ဆိုထားသည့် “အမျိုးသားနေ့ တို့မမေ့” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မိတ်ဟောင်းဆွေဟောင်းနှင့် တွေ့ဆုံသောအခါ အပြန်အလှန်ပြောဆိုပုံ စကားအသုံးအနှုန်းကို ပြောဆိုပုံအမျိုးမျိုးဖြင့် တင်ဆက်ထားသည့် “ရွှေသွေးစကား ဝိုင်း”ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

 ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊        ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    
 

အကြံပြုစာ/တိုင်ကြားစာ