ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၅)၌ သူဌေးသားသည် ဖခင်သူဌေးကြီး၏ လက်တွေ့ပြပြီး ဆုံးမမှုကြောင့် ငွေကြေးဥစ္စာ၏ တန်ဖိုးကို နားလည်သွားကာ ဖခင်ကြီး၏ အလုပ်မှန်သမျှကို သင်ယူပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကာ ရရှိလာသော ငွေကြေးတို့ကို တန်ဖိုးရှိရှိ သုံးစွဲသွားပုံ အကြောင်း ရေးဖွဲ့ထားသည့် “တန်ဖိုး” မျက်နှာဖုံးကာတွန်း၊ မွေးနေ့ရတု အခေါ်အဝေါ်များအကြောင်း ဗဟုသုတဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ရတုမင်္ဂလာ” နှစ်မျက်နှာကာတွန်း၊ အပ်ချုပ်သမားသည် သူ၏ ဒေါသကို မထိန်းချုပ်လိုက်မိရာက အပ်ထည်များမှာ ရွှံ့နှစ်ရည်များ စိုသွားခဲ့ရပုံအကြောင်း ရေးဖွဲ့ထားသည့် “ဒေါသ” နှစ်မျက်နှာကာတွန်း၊ အလွန်အားနာတတ်သည့် ဦးရွှေရိုးကြီးအကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ကီးကီနှင့် အားနာတတ်သူ” နှစ်မျက်နှာကာတွန်း၊ အာတူးသည် စာမကျက်ဘဲ သူ၏အဖေ ဝယ်ပေးမည့် စက်ဘီးကို စီးတတ်ရန်အတွက် စက်ဘီးငှားပြီး လေ့ကျင့်နေကြောင်း ရေးဖွဲ့ထားသည့် “ဦးခေါလုနှင့် တပည့်များ” တစ်မျက်နှာကာတွန်းနှင့် ဘိုးဘိုး၏ မုတ်ဆိတ်မွေးများမှာ ပြန်ရှည်လာသော်လည်း ခေါင်းပေါ်က ဆံပင်များမှာမူ ပြန်ရှည်မလာ ကြောင်း တင်ဆက်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် သားတို့သမီးတို့အနေဖြင့် နေ့စဉ်ဘဝတွင် အမြဲမြင်တွေ့ပတ်သက်နေရ သည့် ကုန်စည်များ (Goods)နှင့် ဝန်ဆောင်မှုများ (Services) အကြောင်းကို ခွဲခြားသိထား သင့်ကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ဖိုးမောင်သည် တောထဲတွင် တွေ့ရသော ယုန်ဖြူလေး ကို သနားကြင်နာစွာဖြင့် ပြန်လွှတ်ပေးလိုက်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် စူးစမ်းဆင်ခြင်မှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ဝင်မိရာက အသက်ဆုံးရှုံးရ သည်အထိ ဖြစ်ခဲ့ရသော ငကြွက်အကြောင်း ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် သားတို့သမီးတို့အနေဖြင့် ငယ်ရွယ်ချိန်ကစ၍ ရိုးသား ဖြောင့်မတ်ပြီး စည်းကမ်းပြည့်ဝကာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရှိထားရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမ ရွှေမြိုင်ပြုံးလဲ့မော်၏ “ပြည်သူ့သားကောင်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျ တည်ဆောက်ရာတွင် အသုံးပြုသည့် Preposition (ဝိဘတ်) တစ်ခုဖြစ်သော at ၏ အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။