စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ အတွဲ(၅ဝ)၊ အမှတ်(၆) ကို ထုတ်ဝေ လိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “ကလေးအလုပ်သမား ပပျောက်ရေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကလေးလုပ်သား ပပျောက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းပေး၊ ကလေးသူငယ် အလုပ်သမား ပပျောက်ရေး၊ လူငယ်ရေးရာကဏ္ဍတွင် အခြေအနေကို လက်ခံပြီး စိတ်ထားကိုပြုပြင်၊ ဘရသေ့နှင့် ရွာသားများ၊ မသိတာထက် မရှိတာခက်၊ မိုးရေစက်တို့သွန် လ, ဇွန်၊ ပကာသနမရှိတဲ့ သဘာဝ မိခင်ကောင်းတစ်ဦး၊ ညှိယူမှု၊ သုံးနှစ်သား၏ ကယ်တင်မှု၊ မိသားစုနှင့် စာဖတ်ခြင်း၊ ၂၁ ရာစုနှစ်တွင် လူငယ်များ၌ ရှိရမည့် ကျွမ်းကျင်မှုများ၊ စံတင်ရသူ ဖြစ်ပါစေ၊ ကဗျာ ကဏ္ဍတွင် အခုကို…အခု၊ အတွေးအခေါ်နှင့် တတ်ကျမ်းဆိုင်ရာကဏ္ဍတွင် တုံ့ပြန့်မှုကိုရယူပါ၊ ဒီမို ကရေစီဆိုင်ရာကဏ္ဍတွင် လူတိုင်းသိသင့်သော အခြေခံဒီမိုကရေစီ၊ နိုင်ငံတကာဆိုင်ရာ ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း (အပိုင်း-၂)၊ သဘာဝပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် ရေလိုအပ်ချက်များ ဖြည့်ဆည်းရေး အားလုံးပါဝင်ပူးပေါင်းပေး၊ အပူဒဏ်မှ ကာကွယ် နိုင်ရေး၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းပေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍတွင် ၂၀၂၃ ကမ္ဘာ့စီးပွားရေး၏ ရီဆက်ရှင်း အရှောင်အတိမ်း၊ အဂတိလိုက်စားမှု ပပျောက်ရေးဆိုင်ရာကဏ္ဍတွင် ပညာပေးခြင်းနှင့် အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ကင်းစင် များပျော်ရွှင်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အစာအဆိပ်သင့်ခြင်း၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၅၈)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အသက်စွန့်၍ ကယ်ဆယ်ရေး၊ ဝတ္ထုတိုကဏ္ဍတွင် လူတိုင်းမသိ သေးတဲ့ နေရာလေး..၊ အထွေထွေကဏ္ဍတွင် ငွေဗျိုင်းဖြူ ငှက်ကလေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ