ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၂၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တင်ဒါကော်မတီ အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ တို့ ပါဝင်ပါသည်။
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ
အပိုင်း (၄) တွင် Prime Trend Limited မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၁၄၇၊ ပုဒ်မ ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၃၄၅၊ ပုဒ်မ၃၅၀ တို့အရ ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ Lu Lu Myanmar Co., Ltd အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ MEGABUCKS COMPANYLIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ SAMART U-TRANS MYANMAR COMPANY LIMITED (Reg-No.104738389) (Member’s Voluntary Liquidation of the Company) In the matter of Voluntary Liquidation subject to the Myanmar Companies Law and Insolvency Law Invitation to the Final General Meeting ၊ MYANMAR 51 STUDIO COMPANY LIMITED (Notice Under Section 357 A) (In Voluntary Liquidation) In the matter of the Myanmar Companies Act and Insolvency Law ၊ ဘီဂျီ ဂျီမန်နူဖက်ချားရင်း ကုမ္ပဏီလီမိတက် (B G G MANUFACTURING COMPANY LIMITED) (မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း) အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။