၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၂၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၂၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ အမိန့်ကြော်ငြာစာ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။

အပိုင်း (၂) တွင် အကောက်ခွန်ဦးစီးဌာန အမိန့်အမှတ်

အပိုင်း (၄) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်၊ WIN WIN KHAING COMPANY LIMITED အစုရှင်မျး၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ်အစည်းအဝေးဖိတ်ကြားခြင်း၊ Minh Long Myanmar Company Limited Company Registration No-120650327 မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊  Myanmar Land Trust Limited လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ Hydrodynamic Industrial (Myanmar) Co.,Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇၊ ပုဒ်မ ၁၅၂ (မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၃၄၅၊ ပုဒ်မ ၃၅၀) တို့အရ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ Myanmar Oxygen Corporation Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၅၇ အရ အပြီးသတ်ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည် ဖြစ်ကြောင်းကြေညာချက်၊ SMALLHOLDER PROSPERITY ENTERPRISES MYANMAR LIMITED Under the Insolvency Law (In Members Voluntary Winding-up) တို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ