၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် ငါးလုပ်ငန်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၄) POLY ENGINEERING & ENERGY CO., LTD၊ HPA CON-GENT COMPANY LIMITEDနှင့် ZIN YAW MIN GENERAL PRODUCTION COMPANY LIMITED မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပ ဒေပုဒ်မ (၁၄၇) အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအားစာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ BEST IN MYANMAR SERVICE INN LTD GTY (ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ်-၁၁၅၁၆၅၇၁၂) မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ၅၈ (ခ) အရ ကြေညာချက်၊ DREAM LIGHT TECHNOLOGY COMPANY LIMITED ဖျက်သိမ်းရန် ကြေညာချက်၊ Aurea International Co., Ltd၊ Myanmar Chanthar Holding Co., Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ(၁၄၇)၊ ပုဒ်မ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၃၄၅၊ ပုဒ်မ ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ စိမ်းလန်း အောင်မြေကုမ္ပဏီလီမိတက် Sein Lan Aung Myay Company Limited) (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေး ခေါ်ယူခြင်းတို့ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ