၁၁-၃-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၀)၌ တန်ဖိုးကြီးပစ္စည်းများထက် မေတ္တာကိုသာ လိုအပ်သည်ဆိုသော ပုပုအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် မေတ္တာ” မျက်နှာဖုံးကာတွန်း၊ သဘာဝ တရားကြီးက အပင်များကို သူ့အပင်နှင့် သူ့အသီး လိုက်လျောညီထွေဖြစ်စေရန် ဖန်တီးပေး ထားခြင်းဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “တော်ပါသေးရဲ့ဗျာ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ မုန့်ဝေစုများကို ညီဖြစ်သူက အမြဲတမ်းယူစားသော ကြောင့် ကြံရာမရဖြစ်နေသော ဖိုးထူးအကြောင်း ရေးဖွဲ့ထားသည့် “ဖိုးထူး” နှစ်မျက်နှာကာတွန်း၊ ရေသောက်ချင်ဇောဖြင့် မစဉ်းစားမဆင်ခြင်ဘဲ ရေကန်ထဲသို့ ဆင်းခဲ့မိသော ဆိတ်သည် နောက်ဆုံးတွင် ကန်ပေါင်ပေါ်သို့ ပြန်မတက်နိုင်သည့် ဒုက္ခနှင့် ရင်ဆိုင်ရပုံအကြောင်း ရေးဖွဲ့ထားသည့် “အရင်စဉ်းစားပါ” နှစ်မျက်နှာကာတွန်း၊ ကိုယ်လက်ကြံ့ခိုင် ကျန်းမာစေရန် ဘောလုံးကစားရာမှ ဘောလုံးထိမှန်ခံရသော ပေတိုးအကြောင်း ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ပေတိုး၊ ဖိုးတုတ်-ကျန်းမာရေး” တစ်မျက်နှာ ကာတွန်းနှင့် ဆင်၊ မျောက်နှင့်ခါ တိရစ္ဆာန်သုံးကောင်ထဲတွင် အရင်ဆုံးမွေးသော တိရစ္ဆာန်က အသက် အကြီးဆုံးဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “အာတူးနှင့် လိပ်ပု” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည့် ဘီးတပ်ယာဉ်များ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့မှုများအကြောင်း ဗဟုသုဖြစ်ဖွယ် ဖတ်ရှုနိုင် မည်ဖြစ်သည်။ ပုံပြင် ကဏ္ဍတွင် သူဆင်းရဲမသည် သူ၏ပညာသားပါပါ လျှောက်တင်စကားများကြောင့် သူ၏ခင်ပွန်း၊ သားနှင့် မောင် သုံးဦးစလုံးကို ဘုရင်ကြီးထံမှ ပြန်ရယူနိုင်ခဲ့သည့်ပြင် ဆုတော်ငွေများကိုပါ ချီးမြှင့်ခံခဲ့ရကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သောက်ရေ အိုးခံခွက်တွင် ရေများတဖြည်းဖြည်း ပြည့်လာသည်ကို ပမာပြု၍ စာများကိုလည်း နည်းနည်းစီရအောင် တဖြည်းဖြည်းကျက်မှတ်သွားပါက အားလုံး ရနိုင်ကြောင်း အတွေးသစ် တစ်ခုရကာ စာကြိုးစားခဲ့ရာက လပတ်စာမေးပွဲကို အခက်ခဲမရှိ ဖြေဆိုနိုင်ခဲ့သော ကျောင်းသားလေး တစ်ယောက်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရွှေသွေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်း ကဏ္ဍနှင့် ကမ္ဘာမြေကြီး အမြဲစိမ်းလန်းသာယာနေစေရန် ပန်းမန်သစ်ပင်များကို စိုက်ပျိုး တတ်ရမည်ဖြစ် ကြောင်း ရေးဖွဲ့ထားသည့် ဆရာမြစိုးသန်း (ရွှေပြည်သာ)၏ “ထိန်းသိမ်းကြစို့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကျောင်းသားတစ်ဦးသည် တက္ကသိုလ်က ပါမောက္ခနှင့် တွေ့ဆုံနိုင်ရန်ပြောဆို ဆွေးနွေးပုံအကြောင်းကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။