ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

 ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဝန်ထမ်းများနှင့် စာကြည့်တိုက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှော ဖလှယ်ပွဲကို (၆-၃-၂၀၂၃) ရက် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ကိုသင်း (ကာတွန်းပညာရှင်) က “ကလေးကာတွန်းများ ဖန်တီးခြင်းနှင့် ကာတွန်းအရောင်ထည့်ခြင်းဆိုင်ရာ အယူအဆများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်တင်တင်ဝင်း (ဒုတိယ စာတည်းမှူးချုပ်-ငြိမ်း) က “ကလေးစာပေရေးသားခြင်း၊ ကလေးကဏ္ဍများ ဖြည့်စွက်ခြင်း နှင့် ဆောင်ရန် ရှောင်ရန်အချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။


1---1

1-205

2-180

3-104

4-59

အကြံပြုစာ/တိုင်ကြားစာ