၂၁ - ၁ - ၂၀၂၃ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃) e-book

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃)၌ အိမ်အလုပ်ကို လွယ်ကူသည်ဟု မှတ်ယူကာ တာဝန်ယူလုပ်ဆောင်ရာမှ အိမ် အလုပ်မှာ အလွန်ပင်များပြားကာ အချိန်မီအလျင်အမြန်ဆောင်ရွက်ရကြောင်း သိရှိသွားသောပလာတူး အကြောင်းကို ရေးဖွဲ့ထားသည့် “ပလာတူးနှင့် အိမ်အလုပ်” မျက်နှာဖုံးကာတွန်း၊ ဆေးကုပေးရင်း သူတစ်ပါး၏ ဥစ္စာပစ္စည်းများကို လိမ်လည်ယူသော ဆေးဆရာနှင့် ဖြတ်ထိုးဉာဏ်ကောင်းသော မျက်မမြင် လူနာ အမျိုးသမီးအကြောင်းကို တင်ဆက်ထားသည့် “လူလိမ်” နှစ်မျက်နှာကာတွန်း၊ မိခင်၏စကားကို နားမ ထောင်မိ၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကြွက်ဖြူလေးအကြောင်းကို ရေးဖွဲ့ထား သည့် “မိဘစကား” နှစ်မျက်နှာကာတွန်း၊ အတွေ့အကြုံရင့်ကျက်ကာ ဉာဏ်ပညာကြီးမားသော ဖခင်က သူတစ်ပါးအား ယုံကြည်လွယ်သော သားဖြစ်သူကို ပြောဆိုဆုံးမထားသည့် “ယုံကြည်ရသူ” နှစ်မျက်နှာ ကာတွန်း၊ စကားကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ရဲရင့်ဖြိုးအကြောင်းကို ရေးဖွဲ့ထားသည့် “အမွှေလေး ရဲရင့်ဖြိုး” တစ်မျက်နှာကာတွန်းနှင့် စာအုပ်စာပေများကို ငွေဖြင့် ပေးဝယ်၍ ရသော်လည်း ဗဟုသုတ တိုးပွားရန်အတွက်မူကား မိမိကိုယ်တိုင် ဖတ်မှတ်မှသာ ရရှိနိုင်ကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

မြင်စိုင်းမြို့ဟောင်း၏ သာယာပုံနှင့် စာဆိုတော် ငါးစီးရှင်ကျော်စွာ၏ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝပုံ အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “မြင်စိုင်းရွှေပြည် စာဆိုတော်” သုတ ဆောင်းပါးကို တင်ဆက်ထားပါသည်။ မိမိ၏မှားယွင်းသော အပြုအမူကို ဂရုမမူမိဘဲ သူတစ်ပါးကိုသာ အပြစ်မြင် တတ်သော ရှဉ့်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “သစ်သီးအဖြေ” ပုံပြင်နှင့် ဖခင်၏ အလုပ်အကိုင်ကို သိရှိသွားသည့် စန္ဒာအကြောင်းကို ရေးဖွဲ့ထားသည့် “အဖေ့အလုပ်ဆိုတာ” ဝတ္ထုတို့ကို တင်ဆက်ထား ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက် ရာ”၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် အသိဉာဏ်ဗဟုသုတပွားများစေရန် စာများများ ဖတ်သင့်ကြောင်း ရေးဖွဲ့ထားသည့် “စာဖတ်ပါ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ဝါကျနှစ်ကြောင်းကို Conjunction ဖြစ်သည့် If နှင့် ဆက်ထားသည့် Conditional Clause အကြောင်းကို လေ့ကျင့်ခန်းများနှင့် တင်ဆက်ထားသည်ကို လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ