၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်တွင် စာအုပ် (၁၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များ ကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) Save the Drop Save the world – Maw Thar Htwe (Mandalay)၊ (၂) ရှီဗာဂိုးကဗျာများ - နိုင်ဇော်၊ (၃) ရခိုင်ရာဇဝင်၊ ရခိုင်သမိုင်း-ဌေးဝေ၊ (၄) စာစီလို့မမီ ကမ္ဘာတည်မဲ့အလွမ်း-စောမူးသာ၊ (၅) နှလုံးမှင် နှင့်ခြယ်သောပန်းချီ-မေဧပရယ်မိုး၊ (၆) ဝမ်းနဲ့မလွယ်သားမမယ်-မေဧပရယ်မိုး၊ (၇) နွယ့်ကြောင့် မောင့်ဘဝပြောင်းလဲခဲ့- မေဧပရယ်မိုး၊ (၈) နေရာတိုင်းမှာ ရူပဗေဒ - ဝင်းချစ် (အမျိုးသားစာပေဆုရ)၊ (၉) ပျောက်ကင်းရန် ခက်ခဲသော ရောဂါကြီးများကုထုံးနှင့် မြန်မာ့နက္ခတ္တနယတိုင်းရင်းဆေးပညာ - ဆရာဦးဝင်းကို (နက္ခတ္တနယ)၊ (၁၀) ၂၀၂၂-၂၀၂၃ ခုနှစ် ဖြစ်ပေါ်လာမည့်ရောဂါများအတွက် ကာကွယ်ကုသနည်းများ- ဆရာဦးဝင်းကို (နက္ခတ္တနယ)
 

အကြံပြုစာ/တိုင်ကြားစာ