၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် စာအုပ် (၅) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် စာအုပ် (၅) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၂ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၉) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် စာအုပ် (၅) မျိုး ထပ်မံရရှိခဲ့ရာ လာရောက် ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည် -

(၁) ချစ်မွှေး -သန်းဝင်းထွန်း (ဆွာ)၊ (၂) နီကိုလိုင်ဂိုဂေါ ဝိဉာဉ်သေများ - ကိုနေ (မန်း) မြန်မာပြန်၊ (၃) ပုဂံဂီတ အက ပန်တျာ - ရေနံ့သာဝင်းမောင် (ပုဂံချစ်သူ)၊ (၄) ကျေးလက်အမေနှင့်အခြားကဗျာများ - ဖေသိန်းဦး (မုံရွာ)၊ (၅) ပျူစောထီးပုံပြင်ကို ခြေရာခံကြည့်ခြင်းနှင့် အခြားဆောင်းပါးများ- မောင်ဖုန်းပြည့် (တက္ကသိုလ်)
 

အကြံပြုစာ/တိုင်ကြားစာ