၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၃၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၃၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။
အပိုင်း (၁)တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊

 အပိုင်း (၂) တွင် သမဝါယမဦးစီးဌာန အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၄) တွင် Golden   Pro  Tech  Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ TANG  HONG  MYANMAR  COMPANY  LIMITED (In members’ voluntary winding-up)၊ IDBOX  (MYANMAR) COMPANY  LIMITED (In members’ voluntary winding-up)၊ Kolao  Holdings  (Myanmar)  Company  Limited (Members’ Voluntary Winding-up) Invitation to Final General Meeting၊ ADVANTEC   TECHNOLOGY   GLOBE   COMPANY   LIMITED အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်း၊ WU   BROTHER’S   GEMS  &  JEWELLERY   CO., LTD၊ PACIFIC   PHARKANT   GEMS   &   JEWELLERY   CO., LTD၊ WPC  GEMS   CO., LTD၊ PHAR  KANT  JADE  &  GEMS  CO., LTDနှင့် JADE  &  LIGHT  GEMS CO.,LTD၊ HNINN  YU  WAI  GEMS  &  JEWELLERY  CO.,LTD၊ မြန်မာနိုင်ငံကုမ္ပဏီ များ အက်ဥပဒေပုဒ်မ-၃၅၀ (က) နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကြွေးမြီကင်းရှင်းကြောင်း ကြေညာချက်၊ ROYAL LOGISTICS (MYANMAR) CO.,LTD နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ