၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

  ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက် နံနက် ၁၁ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာ မျိုးသန့်တင်၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်လှိုင် (မောင်ဆွေငယ်) က ခွင့်ပန်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သက်ဆိုင်ရာဘာသာရပ်အလိုက် ပေးပို့လာသည့် စာအုပ်များကို စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြ ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက် ရှိကြောင်း သိရသည်။

1-183

2-155

အကြံပြုစာ/တိုင်ကြားစာ