“ကောင်းနွဲ့” ရေးသားသည့် “ရာသီမြုံနှင့် အခြားကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် ပထမဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ရာသီမြုံနှင့် အခြားကဗျာများ” စာအုပ်တွင် ကဗျာ (၇၂) ပုဒ်ပါရှိပြီး လောကအကြောင်း၊ ဓမ္မအကြောင်း အတွေးနယ်ချဲ့ နိုင်ဖွယ်ရာ အကြောင်းအရာများကို အမြင်သစ် ရှုထောင့်သစ်များမှ ရေးသားဖွဲ့ဆိုထားသည်။ မြန်မာ ကဗျာဖွဲ့နည်းစုံလင်စွာ နိုင်နိုင်နင်းနင်း ရေးဖွဲ့ထားသည့်အပြင် ကျေးလက်ရနံ့၊ မြန်မာရနံ့များ ထုံမွမ်း နေသောကဗျာများဖြစ်၍ ရသစုံလင်သည့်အပြင် ဗဟုသုတများစွာကိုလည်း ပေးစွမ်းနိုင်သော ကဗျာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၃၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။