၁၉-၂-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၈)၌ ပညာမဲ့သူတို့သည် မိမိကိုယ်မိမိ အထင်ကြီးသောစိတ်ဖြင့် မောက်မာစွာပြောလေ့ရှိကာ မည်မျှပင် အမျိုးမြတ်စေကာမူ ထောင်နေသောစပါးနှံနှင့်တူပြီး အဖိုးမတန်ကြောင်း တင်ဆက်ထားသည့် “ထောင်လွှားမာန” မျက်နှာဖုံးကာတွန်း၊ ကျောင်းမှန်မှန်တက်ကာ အိမ်စာကို နေ့စဉ်မှန်မှန်လုပ်တော့မည်ဆိုသော မိသဲအကြောင်း ရေးဖွဲ့ထားသည့် “မိသဲ- ကျောင်း မပျက်တော့ပါ” နှစ်မျက်နှာကာတွန်း၊ အားလုံး၏ စုပေါင်းညီညွတ်မှုဖြင့် မစာဥ၏ ပျောက်သွားသော သားလေးကို အချိန်မီ ပြန်လည်ရှာတွေ့နိုင်ခဲ့ပုံအကြောင်း ရေးဖွဲ့ထားသည့် “မစာဥ” နှစ်မျက်နှာကာတွန်း၊ လူသားများကို အကျိုးပြုချင်သည်ဆိုသော ဇော်ဂျီလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ဇော်ဂျီလေး” နှစ်မျက်နှာကာတွန်း၊ စိတ်တူ၊ ကိုယ်တူ၊ ဝါသနာတူ သူငယ်ချင်းနှစ်ယောက်အကြောင်း ကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “တာတေနဲ့ ချာတူး”  တစ်မျက်နှာကာတွန်းနှင့် အကြွားသန်သော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် မြန်မာနိုင်ငံတွင် အရှည်လျားဆုံးသော သက်တမ်းရှည် ကျွန်းတံတားကြီးအကြောင်း တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် အခြေအနေနှင့် အချိန်အခါကို ကြည့် ၍ ပြောဆိုပြုမူနေထိုင်တတ်ခြင်းသည် ကောင်းကျိုးရလဒ်များ ရရှိနိုင်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါ သည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိဘတို့၏ သားသမီးများအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာသည် တူညီသောချစ်ခြင်းမေတ္တာများဖြစ်ကာ အားလုံးကို ညီတူညီမျှချစ်ကြောင်းကို ဆီးဖျော်ရည်သုံးခွက်ဖြင့် ဥပမာပေး တင်ဆက်ထားပုံအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲ ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ခရစ္စမတ်တွင် လက်ဆောင်ပေးရန်နှင့် ဘာလက်ဆောင်ဝယ်ပေးလျှင်ကောင်းမည်လဲဆိုသည်ကို ပြောဆိုထားပုံထားအကြောင်းနှင့် တစ်ယောက်နှင့် တစ်ယောက် မသိကျွမ်းကြသူနှစ်ဦး အပြင်တစ်နေရာတွင် တွေ့ဆုံပြီး အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ် အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ