သတင်း/ကြေညာချက်

Sep 24, 2025
သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ : ၀၀ နာရီမှ  ၁၁ : ၀၀ နာရီအထိ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 24, 2025
စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊  စာပဒေသာ ပထမဆုရရှိသည့် စာရေးဆရာ အန်ကယ်ပညာ၏ “မေမေ့ဆံပင်နှင့် ဘဝလက် တစ်ကမ်းမှ စာတမ်းငယ်များ”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Sep 23, 2025

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး ပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃) မျိုး ဝယ်ယူရန် ပြည်တွင်း/ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ၁၄-၈-၂၀၂၅ ရက်နေ့ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ (၃) ခုနှင့် ၂၃-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁ : ၀၀) နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရုံးချုပ်၌ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ