သတင်း/ကြေညာချက်

Aug 29, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၅)၌ သစ်ပင်ပန်းမန်ပြိုင်ပွဲတွင် ပထမဆုကို ထိုက်ထိုက် တန်တန် ဆုချီးမြှင့်ခြင်းခံရသော မစံပယ်အကြောင်း သရုပ်ဖော်ထားသည့် “မစံပယ်ရဲ့ ကူကူး” မျက်နှာဖုံးကာတွန်း၊ သမင်အိုကြီး၏ ကျေးဇူးကို နားလည်သဘောပေါက်သွားသော သမင် ကလေးများအကြောင်း
Aug 28, 2025

 ၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆု ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်း အဝေးကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နံနက် ၂ : ၀၀ နာရီမှ ၃ : ၀၀ နာရီအထိ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင်၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆု ပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ အတည်ပြုအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ် ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

Aug 28, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါ သည်။ 

အကြံပြုစာ/တိုင်ကြားစာ